❮ Prev . . . အခန်း ၃ Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၃) နှစ်ခြင်း ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ

၉။ အသင်းတော်နှင့် လောကီအာဏာစက်တို့ သီးခြားရပ်တည်ခြင်း Separation of Church and State

(က) နှစ်ခြင်း ခရစ်ယာန်များက အသင်းတော်နှင့် လောကီ အာဏာစက် အစိုးရသည် ထပ်တူထပ်မျှ မဟုတ်၊ သီးခြား ရပ်တည်လျက် ရှိသည်ဟု ယုံကြည် လက်ခံထားသည်။ ထို့ကြောင့် အစိုးရမင်း တို့၏ နိုင်ငံရေး ကိစ္စအဝဝတွင် အသင်းတော်သည် ဝင်ရောက် စွက်ဖက်ခြင်း မပြုရဟု လက်ခံရုံသာမက၊ ထိုသဘောအတိုင်း လက်တွေ့ ကျင့်သုံးကြသည်။ တစ်နည်းကား အသင်းတော် လုပ်ဆောင်သော ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် အစိုးရမင်း ဆောင်ရွက်သော နိုင်ငံရေးများသည် တသီးတခြား ဖြစ်ကြောင်း ယုံကြည်ထားသည်။ ဤခံယူချက်ကြောင့် အသင်းတော်သည် နိုင်ငံရေး အဖွဲ့အစည်း တစ်ခုအနေဖြင့် မပါဝင်ကြရန် ခံယူကြ ပါသည်ဟု လက်ခံထား ပါသည်။

(ခ) အသင်းတော်ရေးနှင့် နိုင်ငံရေးသည် သီးခြားရပ်တည်လျက် ရှိသည်ဟု ယုံကြည်သွန်သင် သည့်အတိုင်း တစ်ဦးချင်း လူသားတို့အား အကျိုးသက်ရောက် စေမည့် လူမှုရေးကိစ္စ အဝဝတို့ တွင် (ခရစ်ယာန် ဓမ္မသဘောတရားကို အခြေခံပြီး) ပါဝင်ရောယှက် ဆောင်ရွက်နိုင်သည်ဟု လက်ခံထားပါသည်။ ထာဝရ ဘုရားရှင်သည် လောကကို ချစ်တော်မူ၍ သားတော်ကို စေလွှတ်တော်မူပြီး အပြစ်တွင် နစ်မွန်းနေသူအား ကယ်တင်ခြင်း ဆုကျေးဇူးကို ပေးခဲ့သည့် နည်းတူ၊ ယုံကြည်သူများသည်လည်း ကိုယ်တော်နည်းတူ လောကကို ချစ်ရမည်ဖြစ်၍ လောကကို ချစ်သည်ဆိုရာတွင် ဘုရားရှင်၏ ကောင်းမြတ်ခြင်း တည်းဟူသော ကယ်တင်ခြင်း၊ ချစ်ခြင်း၊ ချမ်းသာခြင်း၊ ငြိမ်သက်ခြင်း၊ တရားမျှတခြင်း၊ ကျေးဇူးပြုတတ်ခြင်း အစရှိသော ဘုရားရှင် နိုင်ငံတော်၏ ကောင်းမြတ်ခြင်းတို့ကို လူသားများ ခံစားနိုင်ရန် ဆောင်ရွက် သွားရမည်ဖြစ်သည်ဟု သဘောပေါက် ယုံကြည်ထား ပါသည်။

Continue… » »


❮ Prev . . . အခန်း ၃ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.