❮ Prev . . . အခန်း ၃ Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၃) နှစ်ခြင်း ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ

၁၀။ ဒေသန္တရ အသင်းတော်သည် လွတ်လပ်၍ အချုပ်အခြာ အာဏာ အပြည့်အဝရှိခြင်း Autonomy of the Local Church

ဓမ္မသစ်ကျမ်းပါ ကနဦးကာလ၌ ဒေသန္တရ အသင်းတော်များသည် လွတ်လပ်စွာ ရပ်တည်ခဲ့ကြသည်။ လွတ်လပ်စွာ ရပ်တည်ခဲ့ရာတွင် မိမိတို့၏ အသင်းတော်နှင့် ဆိုင်သော ဖွဲ့စည်းခြင်းနှင့် အုပ်ချုပ်ခြင်း တို့တွင် ဖြစ်ပါသည်။ ၎င်းတို့အဖို့ ဤခံယူချက်သည် အသင်းတော်၏ အသက်တာတွင် အရေးကြီးသောယုံကြည်ချက်တစ်ခုဖြစ်သည်။ ဤအခွင့်အရေးကိုဘုရားရှင်ပေးသောအခွင့်အရေးဖြစ်ကြောင်း ဓမ္မကြောင်းအရ ခံယူထားကြသည်။ သို့သော် ဤကဲ့သို့ လွတ်လပ်စွာဖွဲ့ စည်းလှုပ်ရှားခြင်းသည် သတ်မှတ်ထားသောဓမ္မတရားဥပဒေဘောင်အတွင်းတွင်လည်းကောင်း၊ မိမိတို့ အလိုဆန္ဒ ကိုဦးစားပေးပြီး အသင်းတော်တစ်ပါးနှင့်တစ်ပါး သဘောတရားကွဲပြားစေခြင်း၊ မထိမဲ့မြင်ပြုခြင်းကင်းမဲ့သောသဘောနှင့် လည်းကောင်း ဆောင်ရွက်ခြင်းဖြစ်သည်။

တစ်ဦးခြင်း အသင်းတော်တွင် မိမိယုံကြည် ခံယူချက်ကို ဖော်ထုတ်ပြောပြ နိုင်သည်ဟု လက်ခံထားသည်။ ဆောင်ရွက်သည့် အခါတွင် ဝိညာဉ်တော် လမ်းပြသည့်အတိုင်း ပြုလုပ်သွား ကြသည်။ ထို့အတူ မိမိတို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာတော်တွင် အင်္ဂါအချင်းချင်း ဖြစ်ကြသည်ဟု ယုံကြည်လက်ခံပြီး အချင်းချင်းတွက်ထမ်း ဆောင်ရမည့် ဝန်ခြင်းတို့ကို ကြိုးစားဆောင်ရွက် သွားကြသည်။ ဤဓမ္မသဘောအရ ဓမ္မသစ်ကာလ၌ ဒေသန္တရ အသင်းတော်များ မိမိတို့၏ စိတ်ဆန္ဒ အတိုင်း အသင်းတော် ကိစ္စများကို ဆောင်ရွက်သည်ထက် အသင်းတော်၏ ဦးခေါင်းဖြစ်သော ခရစ်တော်စိတ်ကို နှလုံးသွင်းပြီး ဆောင်ရွက်ကြသည်။ တစ်နည်းကား အသင်းသား တို့သည် ကိုယ်တော်၏ အလိုတော်ကို လိုက်ပြီး အသင်းတော် ရေးရာများကို လုပ်ဆောင် ကြသည်။

Continue… » »


❮ Prev . . . အခန်း ၃ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.