❮ Prev . . . အခန်း ၃ Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၃) နှစ်ခြင်း ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ

၁၁။ နောက်ဆုံးသော ကာလ The Last Thing

ဖြောင့်မတ်သော သူနှင့် မဖြောင့်မတ်သော သူ နှစ်ဦးသည် သေခြင်းမှ ထမြောက်ကြရ လိမ့်မည်။ ခရစ်တော်သည် အသက်ရှင်သော သူတို့နှင့် သေလွန်ခဲ့သော သူတို့ကို စစ်ကြော စီရင်ခြင်းငှာ ကြွလာတော် မူဦးမည်။ ထိုအခါ အပြစ်ပြု၍ နောင်တ မရဘဲ ဘုရားသခင်နှင့် မိဿဟာယ မဖွဲ့ဘဲ ဘဝပြောင်း ရကြသော သူတို့သည် ထာဝရ ဒဏ်စီရင်ခြင်းကို မိမိတို့ အပြစ်အလျောက် ခံကြရလတံ့။ ၎င်းပြင် အမှန်နောင်တ ရသဖြင့် မဖြောင့်မတ်သော သူတို့အတွက် ဖြောင့်မတ်သော သူတို့က ဝင်၍ ခံတော်မူသော ကျေးဇူးတော်ကို အားကိုးလျက် ဘုရာသခင်၏ ဘက်သို့ ပြောင်းလဲသော သူတို့သည် အပြစ်တန်ခိုး၏ အုပ်စိုးခြင်းမှ လုံးလုံးလွတ်၍ သန့်ရှင်းသော ကောင်းကင် အိမ်တော်သို့ပြည့်စုံသော ဝမ်းမြောက်ခြင်းဖြင့် သခင်ဘုရား နှင့်အတူ အစဉ်ထာဝရ ခံစားခြင်းငှာ ဝင်စား ကြရမည့် အကြောင်း ယုံကြည်ပါ၏။ (မ ၂၅း၄၁၊ ယော ၅း၂၈-၃၀၊ ၂ သက် ၁း၉ ၁၀)

Continue… » »


❮ Prev . . . အခန်း ၃ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.