❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃
၃း၂၂-၂၄ ဧဒင်ဥယျာဉ် (Eden) ၌ အသက်ရှင်သော အသက်တာသည် ကောင်းကင်နိုင်ငံ၌ နေထိုင်သကဲ့သို့ ဖြစ်သည်။ အရာရာတိုင်းသည် ပြီးပြည့်စုံသည်။ အာဒံနှင့်ဧဝ (Adam and Eve) တို့သည် ဘုရားသခင်အား နာခံလျှင် ထိုနေရာ၌ အစဉ်နေထိုင်ရမည် ဖြစ်သည်။ ဘုရားသခင်အား မနာခံသောအခါ၌ သူတို့သည် ထိုနေရာ၌ နေထိုင်ရန် မထိုက်တန်တော့ပါ။ ဘုရားသခင်သည် သူတို့အား ထိုနေရာမှ ထွက်ခွာရန် ပြောခဲ့သည်။ ထိုဥယျာဉ်၌ နေထိုင်ပြီး အသက်ပင်မှ အသီးကိုသာ စားလျှင် သူတို့သည် ထာဝရ အသက်ရှင်ရမည် ဖြစ်သည်။ သို့သော် အပြစ်ရှိသော ထာဝရအသက်သည် ဘုရားသခင်အား ပုန်းရှောင်ရန် ထာဝရ ကြိုးစားနေရသော အသက်ဟူသော အဓိပ္ပါယ်ကို ဆောင်သည်။ အာဒံနှင့်ဧဝ ကဲ့သို့ပင် ကျွန်ုပ်တို့အားလုံး တို့သည် အပြစ်ရှိပြီး ဘုရားသခင်နှင့် ကွဲကွာနေကြရသည်။ ကျွန်ုပ်တို့သည် ထိုသို့ အစဉ်နေထိုင် ရမည်မဟုတ် ဘုရားသခင်သည် သူ၏ လူများအတွက် ထာဝရ ကောင်းကင်နိုင်ငံသစ်ကို ပြင်ဆင်နေသည် (ဗျာဒိတ် ၂၁ – ၂၂)။