❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၆
၆း၁၅ နောဧသည် သေးငယ်သော လှေကို ဆောက်သည်မဟုတ်။ သူ၏ သင်္ဘောသည် ဘောလုံးကွင်း တဆခွဲ အရွယ်ကျယ်၍ လေးထပ် အဆောက်အအုံခန့် မြင့်သည်။ သင်္ဘော၏ အရှည်သည် အနံထက် (၆) ဆ ကြီးသည်။ ယခုခေတ်၌ သင်္ဘောများကို ဆောက်သောအခါ၌ ထိုအချိုးအတိုင်း ဆောက်သည်။ ထိုသင်္ဘောကြီးသည် ရေကမ်းစပ်နှင့် မိုင်ပေါင်း မြောက်များစွာ ဝေးကွာသည့်နေရာ၌ တည်ဆောက်ထားပြီး ဘုရားသခင်၏ ကတိတော်နှင့် မိန့်မှာချက်များကို လိုက်နာသော လူအချို့တို့မှ တည်ဆောက်ခဲ့သည်။