❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၇
၁၇း၅-၁၄ ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ် (သို့) သဘောတူညီချက်ကို ပြုခဲ့သည်။ ယင်းမှာ အာဗြဟံသည် ဘုရားသခင်အား နာခံပြီး သူ၏ အိမ်၌ရှိသော ယောင်္ကျားများအား အရေဖျားလှီးခြင်း (Circumcision) ကို ပြုမည်ဖြစ်သည်။ ထိုသို့ ပြုသောအခါ၌ ဘုရားသခင်သည် အာဗြဟံအား အမွေဆက်ခံမည့်သူများ၊ ပစ္စည်းဥစ္စာ၊ တန်ခိုး၊ ကြွယ်ဝချမ်းသာခြင်းကို ပေးမည်။ သဘောတူညီချက် လက်မှတ်စာချုပ်တို့တွင် တန်ဖိုးညီမျှသော အရာကိုအချင်းချင်း ဖလှုယ်ကြသည်။ ဘုရားသခင်နှင့် ပဋိညာဉ်ပြုထားသော မိသားစုဝင်တို့၌ ရရှိသောကောင်းကြီးသည် ထိုသူတို့ ပေးဆက်ရသော အရာထက် အဆပေါင်းများစွာ ပိုသည်။
❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ၅၀ ဒေသနာကျမ်း Next ❯