❮ Prev နိဒါန်း အခန်းကြီး ၁ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၁

၁း၁ ‘ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသည်’ ဟူသော ပြောဆိုချက်သည် ခေတ်ပေါ်အတွေးအခေါ် ပညာရှင်များအတွက် ခံယူရခက်သည်။ စကြာဝဋ္ဌာကြီးသည် (Universe) တစ်နာရီလျှင် ၄၉၀,၀၀၀ မိုင်နှုန်းဖြင့် လည်ပတ်နေသည်။

ထိုမျှမြန်သော အရှိန်ဖြင့် လည်ပတ်နေသော်လည်း စကြာဝဋ္ဌာ တစ်ပတ်လည်ရန် နှစ်ပေါင်းသန်းနှစ်ရာ (၂၀၀,၀၀၀,၀၀၀) ကြာသည်။ ကမ္ဘာကြီးကဲ့သို့သော စကြာဝဋ္ဌာ (Universe) အစိတ်အပိုင်း ၁၀သန်းခန့် စကြာဝဋ္ဌာ၌တည်ရှိသည်။

အချို့သော သိပ္ပံပညာရှင်များ ပြောသည်မှာ ဖန်ဆင်းချိန်၌ ရှိသောကြယ် အရေအတွက်မှာ ဤကမ္ဘာ၌ ရှိသော ပင်လယ် ကမ်းခြေများရှိ သဲမှုန့် အရေအတွက်နှင့် တူညီသည်။ ထိုလည်ပတ်နေသော ကြယ်များစွာတို့သည် စံနစ်တကျ လည်ပတ်နေသည်။ ဤကမ္ဘာကြီးသည် အလိုအလျှောက် ဖြစ်ပေါ်လာသည် (သို့) တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ပြောဆိုခြင်းကို ဘုရားသခင် ဖန်ဆင်း၍ ဖြစ်လာသည်ဟု ပြောဆိုခြင်းကို ယုံကြည်ခြင်း ထက်ပို၍ ယုံကြည်မှုရှိရန် လိုအပ်သည်။ ဘုရားသခင်သည် ဤစကြာဝဋ္ဌာအား အမှန်တကယ် ဖန်ဆင်းခဲ့သည်။

ဘုရားသခင်သည် စကြာဝဋ္ဌာအား ဖန်ဆင်းရန် မလိုသော်လည်း ရွေးချယ်ကာ ဖန်ဆင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသည်။ အခြားသူ၊ အခြားအရာ တစ်ခုပေါ်၌ သက်ရောက်စေခြင်းအားဖြင့်သာ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ဖေါ်ပြနိုင်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးနှင့် လူများအား ဖန်ဆင်းခြင်း အားဖြင့် သေးသိမ်အောင် မပြုသင့်ပါ။ ဘုရားသခင်သည် ကျွန်ပ်တို့ တစ်ဦးစီအား ချစ်သောကြောင့် ဤစကြာဝဋ္ဌာအား ဖန်ဆင်းကြောင်း သတိရပါ။

Continue… »»


❮ Prev နိဒါန်း အခန်းကြီး ၁ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.