« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ . . . Next »


« « မာတိကာ Table of Contents

ဒေသနာကျမ်း Ecclesiastes

အဓိပ္ပါယ်ဖွင့်ဆိုချက် Definitions

သေဆုံးခြင်း

ရှင်းလင်းချက်

မလွဲမသွေ ဖြစ်ပေါ်ရမည့် သေခြင်းတရားသည် လူတို့၏ အောင်မြင်ရရှိမှု အားလုံးကို အကျိုးမဲ့ ဖြစ်စေသည်။ ဘုရားသခင်မှ လူသားတိုင်း အတွက် ထားရှိသော ရည်မှန်းချက်မှာ အသက်ရှင်ခြင်း မှသည် သေခြင်းကို ကျော်လွန်သော အချိန်အခါ အထိဖြစ်သည်။ အသက်ကြီးရင့်ခြင်းနှင့် သေဆုံးခြင်းတို့မှ ကျွန်ုပ်တို့ တစ်ဦးစီအား သတိရစေသည်မှာ ကျွန်ုပ်တို့ တစ်ဦးစီ၏ အသက်တာ၌ လုပ်ဆောင်မှုများကို ဘုရားရှင်မှ စီရင်ဆုံးဖြတ်မည့် အချိန်ကာလသည် နောက်ဆုံး၌ ရောက်ရှိလာမည်ဖြစ်သည်။

အရေးပါမှု

အသက်တာသည် တိုတောင်းသည်ဖြစ်၍ ကျွန်ုပ်တို့သည် ဤလောကမှ ပေးနိုင်သော အသိဥာဏ်ထက် ပို၍ ကြီးမြတ်သော ဥာဏ်ပညာ လိုအပ်သည်။ ကျွန်ုပ်တို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော် လိုအပ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပို၍ ကြားနာသည်နှင့် အမျှ ဘုရားသခင်၏ ဥာဏ်တော်အားဖြင့် အဓိပ္ပါယ်ကင်းမဲ့သည့် လူတို့၏ အတွေ့အကြုံများမှ ခံစားလာရမည့် ခါးသီးမှုများနှင့် ကင်းဝေးစေပြီး နောင် တမလွန် အတွက် မျှော်လင့်ချက်ကိုလည်း ပေးစွမ်းနိုင်သည်။

Continue… » »


« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ . . . Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.