« Prev ကမ္ဘာဦးကျမ်း . . . အခန်းကြီး ၇ . . . ၁၂ Next »


« « မာတိကာ Table of Contents

ဒေသနာကျမ်း Ecclesiastes

အခန်းကြီး ၇

၇း၁၆-၁၈ လူသည် အဘယ်သို့ လွန်စွာ ဖြောင့်မတ်နိုင်၊ ပညာရှိနိုင်မည်နည်း။ ယင်းသည် ဘာသာရေး၌ မိမိကိုယ်မိမိ အထင်ကြီးခြင်း၊ (ဥပဒေ၊ မှားယွင်းသော ဖြောင့်မတ်ခြင်း) အား သတိပေး ထားခြင်းဖြစ်သည်။ ရှောလမုန် ပြောကြားထားခဲ့သည်မှာ လူအချို့တို့သည် အလွန်ဖြောင့်မတ်သည်၊ ပညာရှိသည်ဟု မိမိကိုယ်ကိုမိမိ ထင်မြင်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် မိမိတို့၏ ဘာသာရေးလုပ်ဆောင်မှုများ၊ ကျင့်ဝတ်များအပေါ်၌ မှားယွင်းစွာ ယုံကြည်နေကြသောကြောင့် ဖြစ်သည်။ သူတို့သည် လွန်စွာမာကြောပြီး လွန်စွာကျဉ်းမြောင်းသော အမြင်ရှိကြသည်ဖြစ်၍ ကျွန်ုပ်တို့ ကောင်းမြတ်ရခြင်း၏ အကြောင်းအရင်းဖြစ်သည့် ‘ဘုရားသခင်အား ဂုဏ်တော်ချီးမွမ်းမှု ဖြစ်စေရန်ကိုပင် သတိမမူနိုင်အောင် ရှိကြသည်။’ မျှတစွာ လုပ်ဆောင်ခြင်းသည် အရေးကြီးပေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်လုံးတစ်ဝတည်း ဖြစ်သောလူသား၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ကောင်းမြတ်ခြင်းကို ရှာဖွေသော လူသားများအဖြစ် ဖန်ဆင်းခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အစွန်းရောက်မှု၊ မတရားမှုများကို ရှောင်ရှားရမည်။

Continue… » »


« Prev ကမ္ဘာဦးကျမ်း . . . အခန်းကြီး ၇ . . . ၁၂ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.