« Prev ကမ္ဘာဦးကျမ်း . . . ၁၀ ၁၁ အခန်းကြီး ၁၂ စာရေးသူ၏အမှာစာ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၁၂
၁၂း၁၃-၁၄ နိဂုံးချုပ်တွင် ရှောလမုန်သည် ရောဂါနှစ်မျိုးအတွက် ကုထုံးများကို ဖေါ်ပြထားသည်။ အသက်တာ၌ ရည်မှန်းချက်၊ ဦးတည်ချက် ကင်းမဲ့သော သူတို့သည် ဘုရားသခင်အား ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်ကြရမည်။ အသက်တာကို တရားမျှတမှု မရှိဟူသောအမြင်ဖြင့် ရှုမြင်သူသည် ဘုရားသခင်အပေါ် ကျွန်ုပ်တို့ မည်သို့တုံ့ပြန်မှု ပြုသည်ကို အခြေခံလျက် ကျွန်ုပ်တို့ တစ်ဦးစီ၏ အသက်တာကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သတိရပေမည်။ ထို့အပြင် ဘုရားသခင်သည် လုပ်ဆောင်မှု အားလုံးတို့ကိုလည်း စီရင်မည်ဖြစ်သည်။ သင်သည် လက်ရှိအချိန်နှင့် ပစ္စုပ္ပန်အချိန် နှစ်ရပ်လုံးအား ဘုရားသခင်ထံ ဆက်ကပ်ပြီးပါပြီလား။ ဘုရားသခင်၏ စံနှုန်းတော်နှင့်အညီ သင်၏ အသက်တာကို တိုင်းတာပါသလား။
၁၂း၁၃-၁၄ နောက်ဆုံး ကျမ်းပိုဒ်များအား မဖတ်ရှုဘဲ ဒေသနာကျမ်းကို မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဆို၍ မဖြစ်နိုင်ပါ။ အသက်တာ၌ မည်မျှနားမလည်နိုင်မှုများ ထင်ရှားသော ဆန့်ကျင်နေသည့် အရာများ ဖြစ်နေစေကာမူ ကျွန်ုပ်တို့သည် ဘုရားသခင်အား သိရှိခြင်းတည်းဟူသော တစ်ခုတည်းသော ဦးတည်ချက်သို့ရောက်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ဒေသနာကျမ်း၌ ရှောလမုန်မှ ဖေါ်ပြသည်မှာ ကျွန်ုပ်တို့သည် အသက်တာ၌ ပျော်ရွှင်ကြည်နူးကြရမည် ဖြစ်သော်လည်း ယင်းသည် ဘုရားသခင်၏ ပညတ်တော်များကို စောင့်ရှောက်ခြင်းမှ ကျွန်ုပ်တို့အား မကင်းလွှတ်စေပါ။ အသက်တာ၌ ကျွန်ုပ်တို့သည် ရည်မှန်းချက်နှင့် အဓိပ္ပါယ်ကို ရှာဖွေကြရမည် ဖြစ်သော်လည်း ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ၌ ထိုအရာများကို မတွေ့နိုင်ပါ။ ကျွန်ုပ်တို့၏ အသက်တာ၌ရှိသော မတရားမှု၊ ရူးသွပ်မှု၊ ဆိုးသွမ်းမှုများကို ဝန်ခံကြရမည်ဖြစ်ပြီး အကောင်းဖက်မှ ရှုမြင်ခြင်း၊ ဘုရားသခင်၌ ယုံကြည်မှုခိုင်မာခြင်း စသည်တို့အား အသက်တာကို ဆက်လက်ထိန်းသိမ်း ကြရပေမည်။
အသက်တာ၌ ပြုလုပ်ခဲ့သော အရာများအတွက် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ရပ်လျက် စီရင်ခြင်းကို ခံကြရလိမ့်မည် ဖြစ်သည်။ အမှုမဲ့နေထိုင်မှုများအတွက် စီရင်ခံရမည်။ ထို့ကြောင့်သင့်လျော်စွာ နေထိုင်ရန်မှာ
(၁) ဘုရားသခင် မပါသော လူတို့၏ လုပ်ဆောင်ချက်များသည် အကျိုးမဲ့ဖြစ်သည်ကို သတိမူခြင်း
(၂) ယခုအချိန်မှစ၍ ဘုရားသခင်အား ရှေ့တန်းတင်ခြင်း
(၃) ကောင်းသော အရာများ အားလုံးကို ဘုရားသခင်ထံမှ ဆုကျေးဇူးအဖြစ် လက်ခံရယူခြင်း
(၄) ဘုရားသခင်သည် မတရားမှု၊ တရားမှု အားလုံးကို စီရင်မည်ကို သတိရခြင်း
(၅) ဘုရားသခင်သည် လူတိုင်း၏ အသက်တာအား ညီတူညီမျှ စီရင်လိမ့်မည်ကို သိရှိခြင်းတို့ဖြစ်သည်။
လူတို့သည် ဘုရားသခင်မှ လက်ဆောင်အဖြစ် ပေးအပ်ထားသော ပျော်ရွှင်ကြည်နူးမှုကို အကြွင်းမဲ့ မခံယူဘဲ ထိုအရာများကို ကြိုးစားရှာဖွေ နေကြခြင်းဖြင့် အသက်တာအား ကုန်လွန်နေကြခြင်းမှာ လွန်စွာ ဆန်းကျယ်သောအမှု မဟုတ်ပါလား။
မှတ်ချက်။ ။ ဒေသနာကျမ်းကို ကိုးကားထားသည်။
« Prev ကမ္ဘာဦးကျမ်း . . . ၁၀ ၁၁ အခန်းကြီး ၁၂ စာရေးသူ၏အမှာစာ Next »