❮ Prev နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂
၂း၂-၃ ကျွန်ုပ်တို့သည် လှုပ်ရှားမှုနှင့် ပြည့်ဝနေသော ကမ္ဘာ၌ အသက်ရှင်ကြသည်။ အချိန်တိုင်း၌ လုပ်ဆောင်ရန် တစ်ခုခု ရှိနေပြီး နားနေရန် အချိန်ဟူ၍ မရှိပေ။ ငြိမ်ဝပ်စွာ နေခြင်းသည် သင့်တော်သော၊ မှန်ကန်သော အရာ ဖြစ်ကြောင်းကို ဘုရားသခင်မှ ဖေါ်ပြခဲ့သည်။ ဘုရားသခင်သည် လုပ်ဆောင်မှုများကို ရပ်၍ ငြိမ်ဝပ်စွာနေသော အချိန်ရှိခဲ့လျှင် ကျွန်ုပ်တို့မှ အနားယူရန် လိုအပ်ခြင်းသည် အံ့သြဖွယ်မဟုတ်ပါ။ ယေရှုသည်လည်း သူ၏တမန်တော်များနှင့်အတူ လှေဖြင့် လူများတို့နှင့် ဝေးရာအရပ်သို့ ထွက်ခွာခဲ့သည် (မာ ၆း၂၃-၃၂)။ နားနေသော အချိန်များသည် ကျွန်ုပ်တို့အား ခွန်အား သစ်ကို ဖြစ်စေသည်။