❮ Prev နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂
၂း၁၈-၂၄ ဘုရားရှင်၏ ဖန်ဆင်းခြင်းသည် လူမိန်းမကို ဖန်ဆင်းခြင်း မပြီးမီထိပြီး ပြည့်စုံမှုမရှိပါ။ လူမိန်းမအား လူယောက်ျားကဲ့သို့ မြေမှုန့်မှ ဖန်ဆင်း၍ ရသည်။ သို့သော် ဘုရားသခင်သည် လူမိန်းမအား လူယောက်ျား၏ အသားအရိုးတို့မှ ဖန်ဆင်းခဲ့သည်။
နှလုံးသားနှင့် အသက်တို့သည် အံ့ဖွယ်ကောင်းသော ပေါင်းဆုံမှုဖြစ်သည်။ ကျမ်းစာ တစ်လျှောက်လုံး၌ ဘုရားသခင်သည် ဤပေါင်းစည်းမှုကို အရေးကြီးသော ပေါင်းစည်းမှုအဖြစ် ဖေါ်ပြထားသည်။ သင်သည် အိမ်ထောင်ပြုပြီးဖြစ်လျှင်၊ အိမ်ထောင်ပြုရန် ကြံစည် နေလျှင် ထားရှိရမည့် ဝန်ခံချက်မှာ လူနှစ်ဦးမှသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရန်ဖြစ်သည်။ အိမ်ထောင်ပြု ခြင်း၏ ရည်မှန်းချက်မှာ သူငယ်ချင်း အဆင့်ထက် ပိုသည်။ တစ်သားတစ်ကိုယ်တည်း ဖြစ်ရန် လိုအပ်သည်။