❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၆

၆း၅၆ အသားစားခြင်း၊ အသွေးသောက်ခြင်း တို့ကို ကြားရသောအခါ၌ ကြောက်လန့်ဖွယ်ရာ ဖြစ်ခဲ့ ပေလိမ့်မည်။ မည်သည့် သွေးကိုမဆို သောက်ခြင်းသည် တရားဥပဒေအရ တားမြစ်ထားသောကြောင့် ဘာသာရေး ခေါင်းဆောင်တို့သည် လက်မခံနိုင်ခဲ့ပေ (ဝတ် ၁၇း၁၀-၁၁)။ ယေရှုသည် ဤနေရာ၌ သွေးအစစ်ကို သောက်သုံးခြင်းနှင့် ပတ်သက်၍ ပြောဆိုခြင်းမဟုတ်ပါ။ ယေရှု၏ အသက်တာ၌ ပိုင်ဆိုင်ခြင်းကို ဆိုလိုခဲ့သည်။ ထိုအချက်ကို ဘာသာရေး ခေါင်းဆောင်တို့သည် လက်မခံနိုင်ခဲ့ပေ။ ပေါလု (Paul) သည် ခန္ဓာကိုယ်နှင့် အသွေးတော်တင်စားချက်ကို ပွဲတော်ယူခြင်း၌ အသုံးပြု ခဲ့သည် (၁ ကော ၁၁း၂၃-၂၆)။

၆း၆၃-၆၅ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ် အသက်တာကို ပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ မလုပ်ဆောင်လျှင် ကျွန်ုပ်တို့သည် အသစ်သော အသက်တာကို ကျွန်ုပ်တို့က လိုအပ်ကြောင်းပင် မသိရှိနိုင်ပေ (၁၄း၁၇)။ ဝိညာဉ်ရေးရာ နိုးထမှုတိုင်းသည် ဘုရားရှင်၌ အစပြုပြီး ဘုရားရှင်၌ အဆုံးသတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား အမှန်တရားကို ဖော်ပြပေးရုံသာမက ကျွန်ုပ်တို့အတွင်း၌ နေထိုင်သည်။ ထိုမှသာ ကျွန်ုပ်တို့သည် ထိုအမှန်တရားအတိုင်း အသက်ရှင်နိုင်မည် ဖြစ်သည်။

Continue… » »


❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.