❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၂

၁၂း၃၉-၄၁ ပရောဖက် ဟေရှာယ (Prophet Isaiah) အချိန်၌ကဲ့သို့ပင် ယေရှု၏ အချိန်၌လည်း လူတို့သည် သက်သေပြုချက်များစွာ ရှိသော်လည်း ယေရှုအား မယုံကြည်ကြပေ။ (၁၂း၃၇) ထို့ကြောင့်လည်း ဘုရားသခင်သည် သူတို့၏ နှလုံးသားများကို မာကျောစေခဲ့သည်။ ထိုသူတို့ကို ဘုရားသခင် သည် သူ့အားမယုံကြည်ရန် ရည်ရွယ်ချက်ဖြင့် တားဆီး လုပ်ဆောင်နေသည်ဟု အဓိပ္ပါယ်ရပါသလား။ ထိုသို့ မဟုတ်ပါ။ ဘုရားသခင်မှ သူတို့၏ ရွေးချယ်မှုများကို ပို၍သေချာစေခြင်းသာ ဖြစ်သည်။ ဘုရားရှင်အား အသက်တာ တစ်လျှောက်လုံး၌ ဆန့်ကျင်ခဲ့ပြီးနောက်တွင် သူတို့သည် ယေရှုပြောသော အရာများကိုပင် နားလည်ရန် မကြိုးစားတော့ဘဲ သူတို့ရွေးချယ် လမ်း၌သာ တစ်စိုက်မတ်မတ် လျှောက်နေတော့သည်။ ထိုသို့သော သူများသည် ဘုရားသခင်ထံသို့ ပြန်လှည့်လာရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သူတို့၏ နှလုံးသားတို့သည် ထာဝရ ခိုင်မာလျက်ရှိပြီ ဖြစ်သည်။ အစဉ် နားမလည် နိုင်မှုများကြောင့် နှလုံးသား မာကျောမှုများကို ထွ ၉း၁၂၊ ရောမ ၁း၂၄-၂၈၊ ၂ သက် ၂း၈-၁၂ တို့၌တွေ့ရသည်။

၁၂း၄၂-၄၃  ယေရှုအား ယုံကြည်သော်လည်း ထိုကဲ့သို့ယုံကြည်ခြင်းကို ဝန်မခံသောသူများ ရှိခဲ့သည်။ ထိုသူများသည် မယုံကြည်သော သူများကဲ့သို့ပင် ဖြစ်ပြီး ထိုသူ များအတွက် ယေရှုက ပြင်းထန်စွာ ပြောဆိုခဲ့သည် (မ ၁၀း၃၂-၃၃)။ ယေရှုဘက်၌ ခိုင်မာစွာ မရပ်တည်သော သူများသည် အခြားသူများ၏စွန့်ပစ်ခြင်း၊ ပျက်ရယ်ပြုခြင်း ခံရမည်ကို စိုးရိမ်၍ဖြစ်သည်။ ဂျူးဘာသာရေး ခေါင်းဆောင်အချို့တို့သည် ယေရှု၌ ယုံကြည်ကြသော်လည်း ဗိမာန်တော် (Synagogue) မှ နှင်ထုတ်ခြင်း (သူတို့၏ အသက်မွေးဝမ်းကျောင်း ပြုရာနေရာ)၊ သူတို့၏ ဂုဏ်ပကာသန ကျဆင်းမည်ကို စိုးရိမ်သောကြောင့် သူတို့၏ ယုံကြည်ခြင်းကို မဝန်ခံကြပေ။ လူတို့၏ချီးမွမ်းခြင်းသည် ခဏတာမျှသာဖြစ်သည်။ ကျွန်ုပ်တို့သည် လူတို့၏ခဏတာ ထောက်ခံမှုထက် ဘုရားသခင်၏ ထာဝရကာလ လက်ခံမှုအတွက် ပို၍အလေးထားရမည် ဖြစ်သည်။

Continue… » »


❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.