❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၃

၁၃း၂၇-၃၈ ယောဟန်သည် ဤအချိန်ပိုင်းကို တိကျစွာ ဖော်ပြခဲ့သည်။ ယေရှုက မည်သည့်အရာများကို ဖြစ်ပေါ်လိမ့်မည်ကို တိကျစွာ ပြသခဲ့ပုံရသည်။ ယုဒ (Judas) နှင့် ပေါလု (Paul) တို့ အကြောင်းကို ယေရှုသည် သိခဲ့သော်လည်း သူတို့အား ချစ်ခြင်းမပျက်ဘဲ အခြေအနေ အားလုံးတို့ကို ရှိခဲ့သည့် အတိုင်း ဆက်လက်၍ ထားခဲ့သည်။ ထိုနည်းတူစွာ သင်က ယေရှုအား မည်ကဲ့သို့ နာကျင်စေမည်ကို ယေရှုသည် သိသည်။ သို့သော်လည်း ယေရှုသည် သင့်အား အကြွင်းမဲ့ချစ်ပြီး သူ့အား ခွင့်လွှတ်ခြင်းကို တောင်းခံသော အခါတိုင်း၌ ခွင့်လွှတ်ပေလိမ့်မည်။ ယုဒသည် ဤအချက်ကို မသိသောကြောင့် သူ၏ အသက်တာသည် ပျက်စီး ခဲ့လေသည်။ ပေတရု (Peter) သည် မပြည့်စုံသော်လည်း ထိုအချက်ကို နားမလည်သောကြောင့် သူ၏အသက်တာသည် အောင်မြင်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ပေတရုသည် သူ့ကိုချစ်သော သူ၏မေတ္တာမှ သူ၏ယုံကြည်ခြင်းကို မည်သည့်အခါမျှ မကင်းကွာစေခဲ့ပါ။

၁၃း၂၇ စာတန် (Satan) ၏ လုပ်ဆောင်မှုသည် ယုဒရှာကာရုတ် (Judas Iscariot) အား တာဝန်မဲ့ခြင်း မဖြစ်စေပါ။ ယုဒ၏စိတ်သည် ထိုအချိန်၌ ရှုပ်ထွေးနေခဲ့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် သူ၏နိုင်ငံတော် ထူထောင်ခြင်းကို ပြောရမည့်အစား သေခြင်းကိုပြောနေခဲ့သည်။ မေရှိယ (Messiah) ဖြစ်ကြောင်းကို သက်သေပြသည့် အနေဖြင့် တန်ခိုးတော်ကို အသုံးပြုရန် ယေရှုအား ယုဒမှ တွန်းအား ပေးနေခဲ့သည်။ (သို့မဟုတ်) ယေရှု၏ သာသနာ့ခရီးကို နားမလည်သည်နှင့် ယေရှုအား ယုဒမှ မယုံတော့ခြင်း ဖြစ်နိုင်သည်။ ယုဒမှမည်သို့ပင် စဉ်းစားခဲ့သော်လည်း ယေရှု သေဆုံးခြင်းအားဖြင့် သူ၏ သာသနာနှင့် ဘုရားသခင်၏ လူသားတို့အတွက် ပြင်ဆင်ထားမှုသည် အဆုံးသတ်လိမ့်မည်ဟု ယူဆခဲ့သည်။ ဘုရားသခင်၏ အစီအမံ၌ ယေရှု၏ သေဆုံးခြင်းသည် အရေးပါသော အခန်းကဏ္ဍ တစ်ရပ် ဖြစ်ကြောင်းကို ယုဒကဲ့သို့ပင် စာတန်သည်လည်းမသိရှိခဲ့ပေ။

Continue… » »


❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.