❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၁။ နှစ်ခြင်းမင်္ဂလာဝတ်
ဆ။ စီရင်ကျင်းပသည့် နေရာ
နှစ်ခြင်းအသင်းတော်တို့ အနေနှင့် ရေ၌ နှစ်မြှုပ်ခြင်းစနစ်ကို ကျင့်သုံးသည်ဖြစ်ရာ နစ်မြှုပ်နိုင်လောက်သော ရေရှိသည့် နေရာဖြစ်ရပါမည်။ နှစ်ခြင်းမင်္ဂလာ ပေးလေ့ရှိသော နေရာတို့မှာ-
(၁) သီးသန့်တည်ထားသော အုတ်ရေကန် (ဗိမာန်တော် အတွင်း/အပြင်)
(၂) ချောင်း၊ မြစ်၊ ရေကန် ဖြစ်ပါသည်
ဇ။ စီရင်ကျင်းပသည့် အချိန်ကာလ
အခြေခံအားဖြင့် အသင်းတော်မှ သတ်မှတ်ထားရှိသော အချိန်ကာတွင် နှစ်ခြင်းမင်္ဂလာဝတ် ပေးလေ့ရှိပါသည်။ တစ်နှစ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် ပေးသော အသင်းတော်များရှိပြီး၊ အချို့ အထူးနေ့များတွင် မင်္ဂလာ ပေးလေ့ရှိပါသည်။ (ဥပမာ-ဦးနောနေ့၊ ကိုသာဖြူနေ့၊ ယုဒသန်နေ့၊ ထမြောက်ရာနေ့၊ မွေးနေ့တော်ကာလ၊ အသင်းတော် နှစ်ပတ်လည်၊ ဓမ္မသဘင် စသည်ဖြင့်)