❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၂။ ပွဲတော်မင်္ဂလာဝတ်

ဆ။ အထွေထွေ
(၁) ပွဲတော်မင်္ဂလာဝတ်တွင် ကျင့်သုံးရမည့် ကိစ္စအချို့

ပွဲတော်မင်္ဂလာဝတ်ကို မဝင်မှီ တပည့်တော်များ တိတ်ဆိတ်ငြိမ်သက်စွာ အပြစ်ဝန်ချ တောင်းပန်ခြင်းအမှုကို တစ်ဦးချင်းဆောင်ရွက်ရန်။ ပဋိညာဉ်ဆယ်ပါးကို ပွဲတော်မခံယူမှီ အတူတကွ ရွတ်ဖတ်ရန်။

(၂) မုန့်နှင့်စပျစ်ရည် ဝေပေးခြင်းကိစ္စ

သင်းထောက်များမှ ပွဲတော်မုန့်နှင့် စပျစ်ရည် ဝေခြင်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။ သင်းထောက်အမျိုးသမီးကို ပွဲတော်မုန့်နှင့် စပျစ်ရည်ဝေခြင်း၌ ပါဝင်တိုက်တွန်းရန် လိုပါသည်။ အမျိုးသမီးများ ဤအမှု၌ စိတ်ကြည်လင်ဘို့ အရေးကြီးပါသည်။ သင်းအုပ်နှင့် အသင်းတော်ကောင်စီမှ လိုအပ်သလို အားပေးရန် လိုအပ်ပါသည်။
မုန့်နှင့်စပျစ်ရည်ကို ဝေကြသည့်အခါ တူညီသော ဝတ်စုံကို ဝတ်ကြရန် အသင်းတော်မှ တိုက်တွန်းဘို့ ဖြစ်ပါသည်။ ဓမ္မအခြေခံ ထွေထွေထူးထူး မရှိပါ။ သင်ရပ်ကြည်နူးမှု ရှိရန်သာ ဖြစ်ပါသည်။

(၃) ပွဲတော်မင်္ဂလာဝတ်ဒေသနာ

ပွဲတော်မင်္ဂလာဝတ်ပြု စည်းဝေးတွင် ဓမ္မဒေသနာသည် ဤမင်္ဂလာ သဘောတရား ပါဝင်သော ဒေသနာများကို အထူးအာရုံပြု၍ ဟောကြားရန် အရေးကြီးပါသည်။ သို့မှသာ ဤပွဲတော်မင်္ဂလာဝတ် ဓမ္မအနှစ်သာရနှင့် ပွဲတော်ခံယူခြင်း စသည်တို့၏ လေးနက်ခြင်းကို ရရှိပြီး ခံယူသူတို့သည် မိမိတို့၏ ယုံကြည်ခြင်းနှင့် ခရစ်ယာန် အသက်တာကို အသစ်တဖန် တည်ဆောက် သွားနိုင်မည် ဖြစ်ပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.