❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၃။ အခြားမင်္ဂလာများ

သိက္ခာတင်မင်္ဂလာ၊ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်

သဘာပတိ-သိက္ခာတင်ကောင်စီသဘာပတိ
– ပဏာမစောင်းတီးခြင်း
– ဝတ်ပြုရန်ဖိတ်ခေါ်ခြင်း
  ကောင်းချီးတောင်းခံခြင်း

…   သဘာပတိ
– သိက္ခာတင် ကောင်စီမှတ်တမ်း
  ဖတ်ကြားခြင်း

…   မှတ်တမ်းရေးမှူး
– ကျေးဇူးတင်စကားပြောခြင်း
  ကိုယ်စားလှယ်
…   အသင်းတော်/သာသနာအဖွဲ့
– ဓမ္မသီချင်းသီဆိုခြင်း
– ကျမ်းစာဖတ်ခြင်း
– ဓမ္မဒေသနာဟောကြားခြင်း
– ဓမ္မသံစုံကျူးအေးခြင်း
– သိက္ခာတင် မင်္ဂလာပေးခြင်း
– သစ္စာပေးခြင်း
  (က) သိက္ခာတင်မင်္ဂလာသစ္စာ
  (ခ) အသင်းတော်အား သစ္စာပေးခြင်း
(က) သိက္ခာတင် မင်္ဂလာသစ္စာ

ချစ်သောဆရာဦး _______

ဘုရားသခင်ရှေ့၌ လည်းကောင်း ၊ ဤပရိသတ်ရှေ့၌ လည်းကောင်း၊ ကျွန်ုပ်တို့သည် သင့်ကို ဤသစ္စာများပေးပါ၏။ သင်သည်ဘုရားသခင်၏ အမှုတော်မြတ်ကို တစ်သက်လုံး ဆောင်ရွက်ဖို့ ဆုံးဖြတ်သည့်အလျောက်၊ သင်၏ယုံကြည်ခြင်း ပါရမီဆက်ကပ်မှု တို့ကိုရှေးရှု၍ သိက္ခာတော်ကိုပေးခဲ့ပြီ။ သင်သည်ယခုမှစ၍ ဘုရားသခင်၏ သိက္ခာတော်ရ ဓမ္မအမှုတော်ဆောင် ဖြစ်ပေပြီ။ သင်သည် အလွတ်အလပ်နေရမည်မဟုတ်၊ အသင်းတော်နှင့် သာသနာတော်ကို ရှိရာအရပ်၌ ထိန်းကျောင်းပြုစု အစေခံရပါမည်။ ရှေ့ဦးပထမအဖြစ် သင်၏မိသားစုကို သခင်ဘုရား၏ အလိုတော်နှင့်အညီ ကောင်းမွန်စွာ အုပ်ထိန်းလော့၊ လောကဥစ္စာကို မမက်မောဘဲ၊ ဘုရားသခင်ထံတော်မှ ဆင်းသက်မည့် သန့်ရှင်းစင်ကျယ်သည့် ကျေးဇူးတော်၌သာ အသက်ရှင်လော့။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.