❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၎။ ထိမ်းမြားမင်္ဂလာ

(၇) စီရင်ပုံ

ဆရာ။ ။ သင်တို့နှစ်ဦး ယခု ပြုခဲ့ပြီးသော ကတိသစ္စာတို့ကို စောင့်ရှောက်မည်ကြောင်း သက်သေ အထိမ်းအမှတ် ရှိပါသလား။
(လက်စွပ်ကို ဆက်ကပ်ဆုတောင်းခြင်း)
(သတို့သားက သတို့သမီးအား/သတို့သမီးက သတို့ သားအား လက်စွပ် ဝတ်ဆင်ပေးခြင်း)

လက်စွပ်သစ္စာစကားဆိုရန်-
(တစ်ယောက်မှ သို့မဟုတ် နှစ်ယောက် အပြန်အလှန် လက်စွပ်ပေးပါက လက်စွပ်ကိုကိုင်စေ၍ သစ္စာစကား ဆိုစေပါ)

ဆရာ။ ။ ကျွနိုပ်သည် သင့်အားပြုခဲ့သော ကတိသစ္စာများ၏ သက်သေဖြစ်စေခြင်းငှာ လည်းကောင်း၊ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာနှင့် ဥစ္စာစည်းစိမ်ရှိသမျှကို သင်၌သာ အပ်နှင်းခြင်းငှာ လည်းကောင်း ဤလက်စွပ်ကို သက်သေပြု၍ ပေးပါ၏။ သက်သေအဖြစ်လက်ခံပါ။

(သို့ မဟုတ်)

ကျွန်ုပ်သည် သင့်အားပြုခဲ့သော ကတိသစ္စာများ၏ သက်သေ ဖြစ်စေခြင်းငှာ လည်းကောင်း၊ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာနှင့် ဥစ္စာစည်းစိမ် ရှိသမျှကို သင်၌သာ အပ်နှင်းခြင်းငှာ လည်းကောင်း၊ ဤလက်စွပ်ကို သက်သေပြု၍ ပေးပါ၏။ 

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.