❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃
၃း၆ အပြစ်ပြုခြင်းသည် ကောင်းမွန်သည် နှစ်လိုဘွယ်ရာ ဖြစ်သည်ဟူ၍ စာတန်မှ ဧဝအား ထင်စေလိုသည်။ ကောင်းမကောင်းကို သိကျွမ်းနိုင်သော အသိတရားသည် အန္တရာယ်မဟုတ်ဟု ဧဝမှ မြင်ခဲ့သည်။ မှားယွင်းသော အရာများသည် အနည်းဆုံး သူတို့အတွက် ကောင်းမွန် သည်ဟု ယုံကြည်သောအခါ၌ သူတို့သည် မှားယွင်းသော အရာများကို ရွေးချယ်လုပ်ဆောင်သည်။ ကျွန်ုပ်တို့၏ အပြစ်သည် ကျွန်ုပ်တို့အတွက် အစဉ် ရုပ်မဆိုးပါ။ နှစ်လိုဖွယ် ကောင်းသော အပြစ်များသည် လွန်စွာရှောင်ရှားရခက်သော အပြစ်များဖြစ်သည်။ ထို့ကြောင့် ဆွဲဆောင်မှုနှင့် ပြည့်ဝသော သွေးဆောင်မှု များကို တွန်းလှန်နိုင်အောင် ပြင်ဆင်ပါ။ ကျွန်ုပ်တို့သည် သွေးဆောင်မှုအား အစဉ်ကာကွယ်မှု မပြုနိုင်သော်လည်း ယင်းတို့မှ လွတ်မြောက်ရန်နည်းလမ်းမှာ အစဉ်ရှိသည် (၁ ကော ၁၀း၁၃)။
ဘုရားသခင်၏ စကားတော်နှင့် ဘုရားသခင်၏ လူတို့အားဖြင့် ထိုအရာများကို ဆန့်ကျင်နိုင်အောင် အကူအညီ ရယူပါ။