❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯
ပထမပိုင်း
အခန်း (၁) အသင်းတော်
၂။ အသင်းတော် မင်္ဂလာဝတ်နှစ်ပါး
က။ နိဒါန်း
ခရစ်ယာန် အသင်းတော်များ အနေနှင့် ကျင့်ဆောင် ရသော ဓမ္မဝတ်များကို အများအားဖြင့် “မင်္ဂလာဝတ်” ဟု ခေါ်ဆို ကြပါသည်။ မင်္ဂလာဝတ်၏ အဓိပ္ပါယ် နှစ်ရပ်မှာ
(၁) သစ္စာခံခြင်း “Oaths of Allegiance” နှင့်
(၂) ကျေးဇူးတော် ခံစားရာ မင်္ဂလာဝတ် “Channels of Grace” ဟူ၍ ဖြစ်ပါသည်။
အချို့ခရစ်ယာန် အသင်းတော်များ အနေနှင့် ကျေးဇူးတော် ခံစားရာ မင်္ဂလာဝတ် များအဖြစ် ခံယူ ကျင့်သုံးပြီး နှစ်ခြင်း အသင်းတော် အပါအဝင် အချို့ အသင်းတော် များက သစ္စာခံခြင်းအဖြစ် လက်ခံကျင့်သုံး ပါသည်။ ထိုသို့ ကျင့်သုံးရာတွင် နှစ်ခြင်း ခရစ်ယာန်များ အနေနှင့် ဓမ္မမင်္ဂလာဝတ် နှစ်ပါးသာ ရှိပါသည်။ ၎င်းတို့မှာ ဓမ္မသစ်ကျမ်းတွင် ပါရှိသည့် နှစ်ခြင်းမင်္ဂလာနှင့် ပွဲတော် မင်္ဂလာတို့ဖြစ်ပါသည်။ ၎င်းတို့ကို သခင်ယေရှု စီရင်တော်မူသော (Ordinance) ဝတ်အဖြစ် သတ်မှတ်ကြ ပါသည်။
အသင်းတော် သမိုင်းအရ အလယ်ခေတ် (Middle age) ဒုတိယပိုင်း ခုနှစ် ၁၀၇၃-၁၂၉၄ ခန့်မှ အစပြု၍ မင်္ဂလာ (၇) ပါးအဖြစ် လက်ခံ ကျင့်သုံးကြောင်း တွေ့ရှိရပါသည်။
၎င်းတို့မှာ-
(၁) | ဗတ္တိဇံ/ နှစ်ခြင်း | Baptism |
(၂) | လက်တင်/ အသင်းတော် ဘောင်သွင်းခြင်း | Confirmation |
(၃) | အာပတ်ဖြေခြင်း | Confession |
(၄) | ပွဲတော်မင်္ဂလာ | Eucharist |
(၅) | သိက္ခာတင်ခြင်း | Holy order |
(၆) | ထိမ်းမြားခြင်း | Holy Matrimony |
(၇) | ဆုတောင်း/ပွဲတော်ပေးခြင်း | Unction/ Anointing the sick |
စသည်တို့ဖြစ်ပါသည်။
❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯