❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၅
၅း၁ ကျမ်းစာ၌ လူမျိုးနွယ်စုများ စာရင်းကို တွေ့ရသည်။ ထိုစာရင်းများနှင့် ပတ်သက်၍ ရှုမြင်ကြသည်မှာ
(၁) ယင်းတို့သည် ပြည့်စုံသော မိသားစု၊ မျိုးနွယ်၊ တိုင်းနိုင်ငံ စာရင်း ဖြစ်သည်။ (သို့)
(၂) ထိုစာရင်းတို့၌ နာမည်ကြီးသော မိသားစု ခေါင်းဆောင်တို့၏ အမည်များသာ ပါဝင်သည်။ ‘ ________ ၏ဖခင်’ ဟုဆိုရာ၌ ထိုလူ တစ်ဦးကိုသာ ဆိုလိုသည် မဟုတ်ဘဲ သူ၏ မျိုးနွယ်စု များကိုလည်း ရည်ညွန်းသည်။
ကျမ်းစာ၌ လူမျိုးနွယ်စု စာရင်းကို အဘယ်ကြောင့် ဖေါ်ပြ ပါသနည်း။ ဟေဗြဲ (Hebrews) လူမျိုးတို့သည် သူတို့၏ ယုံကြည်ချက်များအား နှုတ်ဖြင့်မြွက်ဆို၍ နောင်လာနောင်သားတို့ကို မှာကြားသည်။ ယင်းတို့ကို စာဖြင့်ရေးသားခြင်းသည် နှစ်ပေါင်းများစွာ အချိန်အထိ မထွန်းကား မပေါ်ပေါက် သေးပေ။ မိမိ၏ ကလေးများကို တဆက်ပြီးတဆက် ပြောခြင်းဖြင့်သာ ဆက်လက်၍ မှာကြားခဲ့သည်။ နှစ်ကာလ မြောက်များစွာပင် ထိုမိသားစု စားရင်များကို ထပ်ဖြည့်ကာ မိသားစု တစ်ဆက်ပြီး တစ်ဆက်သို့ လက်ဆင့်ကမ်း ပေးခဲ့သည်။ လူမျိုးနွယ်စု စာရင်းသည် မိသားစုစားရင်း ဖြစ်သည်သာမက မေရှိယ (Messiah) တည်းဟူသော ယေရှုခရစ်သည် အာဗြဟံ (Abraham) ၏ မျိုးနွယ်မှ မွေးဖွားလာမည့် ကျမ်းစာပါ ကတိတော်ကို သက်သေပြခြင်းလည်း ဖြစ်သည်။
လူမျိုးနွယ်စု စာရင်းကို ကြည့်ခြင်းဖြင့် လူသားတစ်ဦး စီသည် ဘုရားသခင်အတွက် အရေးကြီးကြောင်းကို ထောက်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးစီ၏ အမည်၊ အသက်တာ၊ ဆင်းသက်လာသော မျိုးနွယ်စုများကို ဘုရားသခင်မှ ရည်ညွှန်း ပြောဆိုခဲ့၍ဖြစ်သည်။ သင်သည် လူများစုအတွင်း၌ ပျောက်နေသကဲ့သို့ ခံစားရသောအခါများ၌ ဘုရားသခင်၏ အာရုံစိုက်မှု မေတ္တာသည် လူတစ်ဦးစီအတွက်၊ သင့်အတွက် ဖြစ်ကြောင်း သတိရပါ။