အိုးထိန်းရှင် Potter
ကျွန်ုပ်နှလုံးသားမြေ ကိုယ်တော်ပြုပြင်ပါ ကျွန်ုပ်နှလုံးသားမြေ ကိုယ်တော်ပုံသွင်းပါ သခင့်သဘောတော် သာ၍သိစေပါ သခင့်အမိန့်တော် နာခံတဲ့နှလုံးသား (ကိုယ်တော်ကြောင့်ပါ ကိုယ်တော်အတွက်ပါ အလိုတော်အတိုင်းသာ ပုံသွင်းပြုပြင်)၂ |
ကျွန်ုပ်အိုးထိန်းရှင် ကိုယ့်ကိုကိုယ်ပြုပြင်ရင်းနဲ့ဘဲ ကျရှုံးခဲ့ရတယ် ကိုယ့်ကိုကိုယ်ပုံသွင်းရင်းနဲ့ဘဲ ပြိုပျက်ခဲ့ရတယ် ရှုံးနှိမ့်လဲကျရင်း မရေရာမှုတွေ မသေချာမှုတွေကြောင့် ဘဝကိုအရှုံးပေးချင်လာခဲ့တယ် |
အချိန်လွန်လက်ပန်းကျ မောပန်းရင်းဘဝတစ်ခုလုံးကို ပြုပြင်ပေးနိုင်တဲ့သူဟာ အိုးထိန်းရှင် ကိုယ်တော်ဘဲဆိုတာသိလိုက်ရတယ် ကျွန်ုပ်ဟာအိုးမြေပါ လှပအောင်ပြုပြင်ပေးမည့်သူက အိုးထိန်းရှင်ကိုယ်တော်ပါဘဲ ဒူးထောက်ရင်း ကျွန်ုပ်နှလုံးသားမြေ ကိုယ်တော်ပြုပြင်ပါ |
အလိုတော်အတိုင်းသာ ပုံသွင်းပြုပြင်)၂ ကျွန်ုပ်သခင် ကျွန်ုပ်အရှင် ဝန်ခံပါ၏ ကျွန်ုပ်အိုးထိန်းရှင် ကိုယ်တော်ဘဲ ပြုပြင်ပါ ကိုယ်တော်ရှင် ပုံသွင်းပါ ကျွန်ုပ်အရှင် . . . |
†
NOTE: † For congregation and students only