« Prev နိဒါန်း ဆာလံ ၁ ၂ ၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁
၁း၂-၃ ဘုရားသခင်နှင့် မွေ့လျာ်လာသည်နှင့်အမျှ ကျွန်ုပ်တို့ အသက်တာသည် အသီးအပွင့်များနှင့် ပို၍ ကြွယ်ဝလာမည်။ ဘုရားသခင်အား မထီမဲ့မြင်ပြုသော သူတို့၏ အပြုအမူများ ကျင့်ကြံတွေးတောမှုများသည် ကျွန်ုပ်တို့ အသက်တာများ အပေါ်သို့ လွှမ်းမိုးလာစေ သောအခါ ကျွန်ုပ်တို့ကို ကြွယ်ဝ ပြည့်စုံမှုပေးသော အရင်းအမြစ်နှင့် ကွာဝေးစေမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော် အကြောင်း သက်သေခံရန်အတွက် မယုံကြည်သူများနှင့် ပေါင်းသင်းဆက်သွယ် ကြရမည် ဖြစ်သော်လည်း ထိုသူတို့၏ အပြစ်နှင့်လွှမ်းမိုးသော အမူအကျင့်များကိုမူ မဆက်ဆံရပါ။ အကယ်၍ သင်သည် အပြစ်ပြုမိသူတို့နှင့် ရောနှော ဆက်ဆံနေထိုင်ခြင်းဖြင့် သင်၏ အသက်တာပျက်စီးနိုင်မည်။ သို့ဖြစ်၍ ဘုရားသခင်ထံမှ ပျော်ရွှင်ငြိမ်သက်ခြင်းကို ရယူခံစားလိုပါလျှင် ဘုရားသခင်နှင့် နှုတ်ကပတ်တော်ကို ချစ်သော နာခံသော သူတို့ နှင့်မိတ်ဆွေဖွဲ့ပါ။
၁း၂ ဘုရားသခင်၏ နောက်တော်သို့ မည်ကဲ့သို့ လိုက်လျှောက်ရမည်ကို နှုတ်ကပတ်တော်အား ဆင်ခြင်အာရုံပြုခြင်းဖြင့် သိရှိနိုင်သည်၊ အာရုံပြုခြင်းဆိုသည်မှာ ကျမ်းစာကို ဖတ်ရှုခြင်းဖြစ်ပြီး ဖတ်ရှုပြီးသော အချက်များကို ဆင်ခြင်အောက်မေ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်တတ်သော အသက်တာဖြစ်အောင် လက်ရှိ အသက်တာကို မည်ကဲ့သို့ ပြောင်းလဲအသက်ရှင် ရမည်ကို မိမိကိုယ်ကိုမိမိ မေးမြန်းခြင်းဖြစ်သည်။ နှုတ်ကပတ်တော်ကို နားလည်ခြင်း၊ အာရုံပြုတတ်ခြင်းသည် သင်၏ အသက်တာကို အလိုတော်နှင့်အညီ လိုက်လျှောက်ရန်အတွက် ပထမ ခြေလှမ်းဖြစ်သည်။ ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာ လျှောက်လှမ်းအသက်ရှင်လိုပါက ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပို၍သိကျွမ်းရမည်ဖြစ်သည်။
ထာဝရဘုရား၏ တရားတော်ဟု ဆိုရာ၌ နှုတ်ကပတ်တော် သမ္မာကျမ်းစာကို ဆိုလိုသည်။ နှုတ်ကပတ်တော်၏ အနှစ်သာရကို ပို၍ သိမြင်နားလည် လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ နေ့စဉ် ချမှတ်နေရသော ဆုံးဖြတ်ချက်များမှန်ကန်စေရန်အတွက် လိုအပ်သော အခြေခံအချက်များကိုပို၍သိရှိလာသည်။
« Prev နိဒါန်း ဆာလံ ၁ ၂ ၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »