« Prev နိဒါန်း ဆာလံ ၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၂

၂း၁ ဆာလံကျမ်း အများစုသည် မေရှိယ (Messiah) နှင့် ပတ်သက်သော အကြောင်းများကို ဖော်ပြထားသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော် တည်းဟူသော မေရှိယ၏ အသက်တာနှင့် အသေခံတော်မူခြင်း ရှင်ပြန်ထမြောက်ခြင်း အကြောင်းတို့ကို ပရောဖက် ပြုထားသောကြောင့် ဖြစ်သည်။ ဤကျမ်းကို ပြုစုသော ဒါဝိဒ် (David) သည် သိုးထိန်း၊ စစ်သား၊ ဘုရင် ဖြစ်ခဲ့သည် သာမက သူ့ကို ပရောဖက် တစ်ပါး နေရာမှာလည်း ထားနိုင်သည် (တ ၂း၂၉-၃၀)။ ဤကျမ်းတွင် တိုင်းနိုင်ငံတို့၌ ပုန်ကန်မှု ဖြစ်လာမည့်အကြောင်းနှင့် ယေရှုခရစ်တော်သည် သူ၏ ထာဝရ နိုင်ငံတော်ကို တည်ဆောက်ရန် ပြန်လာမည့် အကြောင်းတို့ကို ဖော်ပြထားသည် (တ ၄း၂၅၊ ၁၃း၃၃၊ ဟေဗြဲ ၁း၅-၆၊ ၅း၅၊ ဗျာ ၂း၂၆-၂၇၊ ၁၂း၅၊ ၁၉း၁၅)။

ဒါဝိဒ်သည် ဤကျမ်းကို ရေးသားချိန်၌ ပတ်ဝန်းကျင်ရှိ နိုင်ငံများ ဣသရေလနိုင်ငံ (Israel)ကို တိုက်ခိုက်ရန်လျှိ့ဝှက်သော ကြံစည်မှု အမျိုးမျိုးပြုချိန် ဖြစ်သည်။ ဒါဝိဒ်သည် ဘုရားသခင်၏ ဘိသိတ် (Anointing) ပေးထားခြင်းကို ခံရသော သူဖြစ်သည့် အားလျော်စွာ မိမိမျိုးရိုးမှ မေရှိယ ဆင်းသက်လာမည့် ကတိတော်ကိုလည်း ယုံကြည်နေသူဖြစ်သည် (၁ ရာ ၁၇း၁၁-၁၂၊ ၂ ရာ ၇း၁၆)။

၂း၃ ဘုရားသခင်ထံမှ ဝေးဝေး ရှောင်ပြေးလျှင် လွတ်လပ်မှု ရှိမည်ဟု လူတို့ ထင်တတ်ကြသည်။ ဘုရား၏ အစေကို မခံသည့်တိုင်အောင် လူတစ်ဦးဦး၊ အဖွဲ့အစည်း တစ်ခုခု၊ သို့မဟုတ် မိမိ၏ အတ္တစိတ်ကို အစေခံ နေရမည်ဖြစ်သည်။ ငါးတစ်ကောင်သည် ရေနှင့်ဝေးသွားလျှင် လွတ်ခြင်းအခွင့် မရှိနိုင်။ သစ်ပင်တစ်ပင်သည် မြေကြီးမှ နုတ်ပယ်ခြင်း ခံရလျှင်လည်း လွတ်ခြင်းအခွင့် မရှိသေးပါ။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့သည် ဘုရားနှင့်ဝေးလျှင် လွတ်မည်ဟု ထင်၍မရပါ။ ဘုရား၏အစေကို မခံလျှင် တစ်ဦးတစ်ယောက် တစ်စုံတစ်ခု၏ အစေကို ခံနေရမည်သာ ဖြစ်သောကြောင့် လွတ်ခြင်းအခွင့်ကို ပေးနိုင်သော ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် အစစ်အမှန်ဖြစ်သော ဘုရားသခင်ကို အစေခံခြင်း အနီးကပ် နေခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။

Continue… » »


« Prev နိဒါန်း ဆာလံ ၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.