« Prev . . . ၁ ၂ ဆာလံ ၃ ၄ ၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃
၃း၁-၂ ဒါဝိဒ် (David) သည် သားတော် အဗရှလုံ (Absalom) ရှေ့မှ ထွက်ပြေးရသောအခါ စပ်ဆိုသော ဆာလံဖြစ်သည်။ ဒါဝိဒ်မင်းကြီးသည် အလွန်သိမ်ငယ်မှုကို ခံစားနေရချိန် ဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် ရန်သူတစ်သောင်း ဝန်းရံနေသော အချိန်လည်းဖြစ်သည်။ ရန်သူတို့သည် ဒါဝိဒ်အား ရန်သူအနေနှင့် မြင်ကြရုံမက ဒါဝိဒ်ကို အန္တရာယ်ပြုရန် အခွင့်အရေး စောင့်နေကြချိန်လည်း ဖြစ်သည်။ ဘုရင်ဖြစ်သော ဒါဝိဒ်သည် သူ၏ စစ်သားများကို ယုံကြည်အားကိုး သင့်သော်လည်း ဘုရားသခင်ကိုသာ အသံလွှင့်၍ အော်ဟစ် အကူအညီ တောင်းပါသည် (၃း၎)။ ထို့ကြောင့် ဒါဝိဒ်၏ အသက်တာတွင် မည်မျှအခက်အခဲနှင့် ကြုံတွေ့ စေကာမူ ဘုရားသခင်သည် ကြီးမားသော ကာကွယ်မှုကို ပေးနိုင်သည် ဖြစ်သောကြောင့် ဒါဝိဒ်ကို ငြိမ်သက်သူ အဖြစ်တွေ့ရသည်။ အခက်ခဲဆုံးသော အသက်တာ၏ အပိုင်းအခြားသို့ ကျွန်ုပ်တို့ ရောက်ရှိသော အခါတိုင်း ဘုရားသခင်၏ ကွယ်ကာမှုသည် ကျွန်ုပ်တို့၏ အမှောင်ဆုံးသော အသက်တာကို လင်းစေမည်ဖြစ်သည်။
၃း၁-၃ ဒါဝိဒ်သည် နန်းတော်၏ ပလ္လင်ပေါ်တွင် ထိုင်နေရမည့် အချိန်တွင် သားရင်းဖြစ်သော အဗရှလုံ၏ တော်လှန်ပုန်ကန်မှုကြောင့် ထွက်ပြေးနေရသည်။ ထိုကဲ့သို့ ဆန့်ကျင်သော အခြေအနေမျိုးကို ကျွန်ုပ်တို့ ရင်ဆိုင်ရသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို စွန့်ပစ်လေပြီလားဟု မထင်သင့်ပါ။ ဒါဝိဒ်ကဲ့သို့ အခြေအနေအားလုံးသည် ကျွန်ုပ်တို့ကို ဆန့်ကျင်နေသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ဖက်မှာ အစဉ်အမြဲရှိကြောင်း ခံယူတတ်ကြရမည်။ ဘုရားသခင်ကို အပြစ်မတင်ပါနှင့်။ ဘုရားသခင်ကိုရှာပါ။
၃း၂ စဲလာ (Selah) ဆိုသော စကားလုံးကို ဆာလံကျမ်းတွင် ၇၁ ကြိမ်တွေ့ရပြီး ဟဗတွင် သုံးကြိမ်တွေ့ရသည် (၃း၃၊ ၉၊ ၁၃)။ ယင်း၏ တိကျသော အဓိပ္ပါယ်ကို မသိပါ။ တူရိယာ သင်္ကေတနှင့် ပတ်သက်သည်ဟု ထင်ကြပါသည်။ ထင်မြင်ချက်သုံးမျိုးမှာ
(၁) သီချင်းဆိုသူနှင့် တီးမှုတ်သူ တို့အား အသံကျယ်ရန်၊ တိုးရန်၊ မြှင့်ရန် အချက်ပြခြင်း
(၂) ဝတ်ပြုကိုးကွယ်ချိန်၌ လက်ကိုချီပင့်ရန်၊ အသံကိုမြှင့်ရန်၊ သို့မဟုတ် ဘုန်းတော်ကြီးများ၏ ကောင်းကြီးပေးခြင်းကို ခံယူရန် အချက်ပြခြင်း
(၃) “ပြည့်စုံပါစေ” ဟု အဓိပ္ပါယ်ရသော “အမင် (Aman)” စကားစု၊ “ဘုရားသခင်အား ချီးမွမ်းပါသည်” ဟု အဓိပ္ပါယ်ရသော “ဟာလေလုယာ (Hallelujah)” ကဲ့သို့သော စကားစုဟု ထင်မြင်ယူဆ ကြပါသည်။
« Prev . . . ၁ ၂ ဆာလံ ၃ ၄ ၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »