« Prev . . . ၅ ၆ ဆာလံ ၇ ၈ ၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၇
Shiggaion ယင်းစကားလုံးသည် မှားယွင်းခြင်း၊ ဦးတည်ရာခဲ့ခြင်း၊ ကြမ်းတမ်းခြင်းနှင့် စိတ်လှုပ်ရှားခြင်းဟူ၍ အဓိပ္ပါယ်ရသည်။ ဒါဝိဒ်သည် ဗင်္ယာမိန်အမျိုးသား ကုရှ၏ စကားကြောင့် ပြင်းထန်စွာ ခံစားရခြင်းနှင့်အတူ စိတ်လှုပ်ရှားဝမ်းနည်းစွာဖြင့် ဘုရားသခင် ရှေ့စပ်ဆိုသော ဆာလံဖြစ်သည်။
၇း၁-၆ သင်၏ အသက်တာတွင် မှားယွင်းသော စွပ်စွဲမူများ (သို့မဟုတ်) လက်စားခြေလို စိတ်များဖြစ်လောက်အောင် နာကျင်စွာခံစား ခဲ့ရဖူးပါသလား။ ရှောလုအား သတ်၍ ထီးနန်းရယူရန် ကြံစည်သည်ဟု ဒါဝိဒ်အား စွပ်စွဲခံရသဖြင့် ဤကျမ်းကို ရေးသားခဲ့သည် (၁ ရာ ၂၄း၉-၁၁)။ သို့သော် ဒါဝိဒ်သည် မိမိသဘောဖြင့် ရန်တုံ့မမူပဲ ဘုရားသခင် ရှေ့တွင် အမှန်တရားအတွက် အော်ဟစ် အကူအညီ တောင်းခံခဲ့သည်။ မတရား ခံရစဉ် ရန်တုန့်မူ၍ ကလဲ့စား ချေရမည့်အစား မှန်ကန်သော တုန့်ပြန်မှုမှာ ဆုတောင်းခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အပြစ်တရားကို စီရင်ပိုင်သောဘုရား အပြစ်နှင့်အလျောက် ဆပ်ပေးတော်မူသော ဘုရားဖြစ်သည် (ရော ၁၂း၁၉၊ တရား ၃၂း၃၅-၃၆၊ ဟေဗြဲ ၁၀း၃၀)။ ကျွန်ုပ်တို့သည်လည်း ရန်တုန့်မူမည့်အစား လက်ရှိအခြေအနေကို ဘုရားသခင်ထံ တင်ပြပါ။ အမှန်တရား ပေါ်ပေါက်ရေးနှင့် မိမိ၏ ဂုဏ်သိက္ခာ ပြန်လည် ရရှိရေးကို တောင်းလျောက်ပါ။
၇း၉-၁၃ ဘုရားသခင်သည် စိတ်နှလုံးကို စစ်ဆေးတော်မူသည်။ ဘုရားသခင် ရှေ့တော်၌ ဖုံးကွယ်ထားသော အရာမှန်သမျှသည် ဖွင့်ထားသော စာအုပ်ကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်တို့ စဉ်းစားခြင်း၊ ကြံစည်ခြင်း၊ တွေးတောခြင်းများဖြစ်သော အတွင်းစိတ်ကိုပင် ဘုရားသခင် သိတော်မူသည်။ အပြစ်ပြုမိပါလျက် အပြစ်မရှိ သကဲ့သို့ ဟန်ဆောင်နေ၍ မရပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အထင်ကြီးစေရန် ကြိုးစားမှု မလိုအပ် သကဲ့သို့ ဘုရားသခင် ကျေနပ်အောင် မျက်နှာဖုံး တပ်ရန်လည်း မလိုအပ်ပါ။ ထိုသို့ ပြုမည့်အစား ဘုရားသခင်၏ အစီအမံ အလိုတော်အတိုင်း လိုက်လျောက်နိုင်ရန်သာ ကြိုးစားသင့်သည်။ ကျွန်ုပ်တို့၏ အားနည်းခြင်း၊ မစုံလင်သော အသက်တာကို ဘုရားသခင် ကူညီမစဖို့ ယုံကြည်ခြင်းဖြင် တောင်းခံပါ။ ဘုရားသခင်၏ နောက်တော်သို့ စစ်မှန်စွာ လိုက်လျောက်သည်နှင့်အမျှ ဘုရားသခင် ထံမှ ကောင်းချီးများစွာ ခံစားရမည်ကိုသိမှတ်ပါ။
« Prev . . . ၅ ၆ ဆာလံ ၇ ၈ ၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »