« Prev . . . ၆ ၇ ဆာလံ ၈ ၉ ၁၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၈
၈း၁ ဤကျမ်းပိုဒ်သည် ဓမ္မသစ်ကျမ်း (၁ကော ၁၅း၂၇၊ ဟေဗြဲ ၂း၆-၈) အရ သခင်ခရစ်တော်ကို ရည်ညွှန်းသည်။ သခင်ယေရှုသည် လူဇာတိကိုခံယူ၍ ကောင်းကင်တမန်တို့ထက် အနည်းငယ် နိမ့်ကျ ခဲ့ရသော်လည်း သေခြင်းမှ ရှင်ပြန်ထမြောက်စေခဲ့သူ ကောင်းကင်နှင့်မြေကြီးသစ်ကို စီရင်အုပ်စိုးရန် ကြွလာသောအခါ ဘုရားသခင်၏ သဏ္ဍာန်ကို တိကျစာ ဆောင်သူဖြစ်သည်။ (ဂလာ ၂း၂၀၊ ကော ၁း၁၅)
၈း၂ နို့စို့သူငယ်များသည် ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်ကိုးစား သကဲ့သို့ အသက်ရွယ် ကြီးပြင်း လာသည်နှင့်အမျှ ထိုကဲ့သို့ ပြုလုပ်ရန်တဖြည်းဖြည်း ခက်ခဲလာသည်။ ကလေးသူငယ်များသည် လူကြီးများကို အစဉ်အားကိုး ယုံကြည် သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ စကားကို သူငယ်ကဲ့သို့ ခံယူသင့်သည်။ ထိုကဲ့သို့ မခံယူနိုင်သော အတားအဆီး များကို ဘုရားသခင် ဖယ်ရှားဖို့ ဆုတောင်းပါ။ မိမိကိုယ်ကို ဆန်းစစ်၍ ဘုရားသခင်ထံ သူငယ်ကဲ့သို့ တိုးဝင်၍ ပိုမိုပွင့်လင်းစေပါ။
၈း၃-၄ ဘုရားသခင်၏ ကြီးမြတ်တော် မူခြင်းကို ဆင်ခြင်မိသောအခါ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘာမှ မဟုတ်ကြောင်း ခံစားမိပါသည်။ ဘုရားသခင်သည် ထိုကဲ့သို့ နှိမ့်ချခြင်းကို မခံစားစေပါ။ ဘုရားသခင်ကို ရိုသေ၊ ကြောက်ရွံ့စွာ ကိုးစားတတ်ရန်သာ အလိုတော် ရှိပါသည်။
« Prev . . . ၆ ၇ ဆာလံ ၈ ၉ ၁၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »