« Prev . . . ၁၈ ၁၉ ဆာလံ ၂၀ ၂၁ ၂၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၂၀

၂၀း၆-၈ တိုင်းနိုင်ငံတို့သည် မိမိတို့တွင်ရှိသော လူ၊ လက်နက် အင်အားများကို အမှီပြု၍ ကြွားဝါလေ့ ရှိကြသော်လည်း၊ ယင်းတို့သည် အချိန်ကာလ တည်တန့်ကြာရှည်စွာ မရပ်တည် နိုင်ကြပေ။ ကမ္ဘာ့သမိုင်း တလျှောက်လုံးတွင် တန်ခိုး၊ အင်အား ကြီးမားခဲ့ကြသော နိုင်ငံများသည် မြေမှုန့်ကဲ့သို့ ပျောက်ကွယ်သွားရကြသည်။

ဒါဝိဒ်က မိမိန်ုင်ငံ၏ စွမ်းအား ထက်မြက်မှုသည် လူ၊ လက်နက်ပစ္စည်း အင်အားအပေါ် မူမတည်ပဲ ဘုရားသခင်ကို အားကိုးခြင်း၌သာ မူတည်သည်ကို ကြေညာခဲ့သည်။ ဘုရားသခင် တပါးတည်းသာလျှင် လူမျိုးနှင့် တိုင်းနိုင်ငံ တခုစီတို့အား တည်တံ့အောင် ဆောင်ကြဉ်းပေးနိုင်သည်။ ထာဝရ အောင်နိုင်ခြင်းကို ပေးနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ထံ မိမိအသက်တာနှင့် တိုင်းနိုင်ငံတို့ အတွက် ယုံကြည်ခြင်းဖြင့် ဆက်ကပ် အပ်နှံပါ။ သင်သည်လည်း မည်သူ့ကို ယုံကြည် အားကိုးလျက် မိမိအသက်တာကို ဆက်ကပ်အပ်နှံ နေပါသနည်း။

Continue… » »


« Prev . . . ၁၈ ၁၉ ဆာလံ ၂၀ ၂၁ ၂၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.