« Prev . . . ၁၉ ၂၀ ဆာလံ ၂၁ ၂၂ ၂၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၂၁

၂၁း၁-၆ ဒါဝိဒ်က သူ၏စိတ်နှလုံး လိုအင်ဆန္ဒ ကြွယ်ဝပြည့်စုံသော ကောင်းကြီးမင်္ဂလာများ ဘုန်းတန်ခိုး ကြီးမားခြင်းနှင့်အတူ ရွှေစင်ဖြင့်ပြုလုပ်သော သရဖူများကို ဘုရားသခင်ထံမှ ကျေးဇူးတော် သက်သက်ဖြင့် ရရှိကြောင်း ဖော်ပြခဲ့သည်။

ကျွန်ုပ်တို့ ဘဝ အသက်တာ တွင်လည်း ရာထူး၊ ကြွယ်ဝချမ်းသာခြင်းနှင့် အရည်အချင်း တခုစီတိုင်းသည် ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်များ ဖြစ်သည်ဟု ခံယူရမည်။ ထိုအရာများကို ဘုရားသခင် ဘုန်းတော်ထင်ရှား စေရန်အတွက် ပြန်လည်အသုံးပြု ရမည်ဖြစ်သည်။

ခေါင်းဆောင်တိုင်းသည် ဘုရားသခင်ပေးသော ဉာဏ်ပညာ၊ မေတ္တာနှင့် ဘုရားသခင်ကို မှီခိုအားကိုးသော အသက်တာ ဖြစ်ရမည်။ တခါတရံ ခေါင်းဆောင်များသည် မိမိတို့ သြဇာ၊ ရာထူး၊ စွမ်းဆောင်နိုင်မှုနှင့် စစ်အင်အားတို့ အပေါ် မှီခိုလေ့ ရှိသည်။ သို့သော် ဘုရားသခင်သည် ထိုသို့သော အရာများထက် ကြီးမြတ်တော်မူ၏။ သင်သည်လည်း ခေါင်းဆောင် တဦးဖြစ်ခဲ့လျှင် အသက်တာကို ဘုရားသခင်၌ ဆက်ကပ်အပ်နှံပါ။ ဘုရားသခင်၏ ဉာဏ်ပညာသည်သာ သင့်အတွက် စစ်မှန်သော ခွန်အားဖြစ်သည်။

ဒါဝိဒ်၏ အသက်တာ၌ ဘုရားသခင်ကို ကိုးစားရပ်တည် သောကြောင့် ထာဝရ တည်တံ့ခြင်းနှင့် ငြိမ်သက်ခြင်းကို ခံစားရသည်။ ဆုံးရှုံးမှုများကို ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် အသက်တာကို ဆက်ကပ်အပ်နှံသည်။

ကျွန်ုပ်တို့သည်လည်း အသက်တာ၌ ဆုံးရှုံးခြင်းများ ကြုံတွေ့စေကာမူ ဘုရားသခင်၏ မျက်နှာလွှဲခြင်းကို မခံရပဲ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သတိနှင့် ကြည့်ရှုတော် မူသည်ကို သိမှတ်ပါ။ ဘယ်သောအခါမှ စွန့်ခွာသွားမည် မဟုတ်ပါ။

Continue… » »


« Prev . . . ၁၉ ၂၀ ဆာလံ ၂၁ ၂၂ ၂၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.