« Prev . . . ၂၀ ၂၁ ဆာလံ ၂၂ ၂၃ ၂၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၂၂
၂၂း၁-၅ ဤကျမ်းပိုဒ်သည် သခင်ယေရှုခရစ်၏ တွေ့ကြုံခံစားရမည့် အရာများကို ဒါဝိဒ်သည် အံ့သြဖွယ် တိကျစွာ ဖော်ပြထားသည်။ သခင်ခရစ်တော်သည် လက်ဝါးကားတိုင်တွင် ညှင်းပမ်းခံရစဉ် ဘုရားသခင်အား အော်ဟစ်ဆုတောင်းခြင်း ဖြစ်သည်။ (မ ၂၇း၄၆) သံသယနှင့် ငိုကြွေးခြင်း မဟုတ်ပဲ ဘုရားသခင်အား ကြေကွဲဝမ်းနည်းစွာ တောင်းလျှောက်ခြင်း ဖြစ်သည်။
ဒါဝိဒ်၏ အသက်တာ၌လည်း ဘုရားသခင်ကို ကိုးစား၍ ဘုရားသခင်သည် သူ့အား ကယ်တင်ပါမည့်အကြောင်း ဆုတောင်းထားသည်။
၂၂း၆ ကျွန်ုပ်တို့ အသက်တာ၌ စိတ်ပျက်ဝမ်းနည်းခြင်းများ၊ နာကျင်ခြင်းများ၊ ခံစားရသော အချိန်၌ ဘုရားသခင်သည် ကျွန်ပ်တို့ကို စွန့်ပစ်ပါပြီလားဟု တွေးထင်တတ်ကြသည်။ ကျွန်ုပ်တို့၏ အသက်တာကို ဘုရားသခင်၏ ကတိတော်များနှင့် မျှော်လင့်လျက် ဆက်ကပ်အပ်နှံပါ။
၂၂း၉-၁၁ ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ် ထားရှိသောမေတ္တာသည် မွေးဖွားချိန်မှ သေဆုံးချိန်ထိ အဆုံးမသတ် သေးပေ။ တမလွန် ဘဝအတွက် စိတ်ချရသော ဘုရားသခင်၏ မေတ္တာတော်သည် ကြီးမားလှပေသည်။ ထိုသို့သော မေတ္တာတော်မှ အဘယ်သူ ရှောင်ခွာပစ်ချင် ပါသနည်း။
၂၂း၁၂ ဗာရှန်ဒေသ (Bashan) သည် ဂါလိလဲအိုင် (Galilee) ၏ အရှေ့ဘက်တွင်ရှိပြီး သန်မာသော နွားလားဥဿာကြောင့် နာမည်ကြီးသည်။ ဆန်စပါး ပေါများသောကြောင့် ဖိလိတ္တိ (Philistines) လူတို့၏ စပါးကျီဟုလည်း ခေါ်သည်။
« Prev . . . ၂၀ ၂၁ ဆာလံ ၂၂ ၂၃ ၂၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »