« Prev . . . ၂၁ ၂၂ ဆာလံ ၂၃ ၂၄ ၂၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၂၃
၂၃း၁ ဒါဝိဒ်သည် ကိုယ်တိုင်ကြုံတွေ့ရသော သိုးထိန်းဘဝကို ရည်ညွှန်း၍ ဘုရားသခင်သည် သိုးထိန်းဖြစ်ကြောင်း ကျွန်ုပ်တို့နှင့် သူ၏ဘဝသည် သိုးများကဲ့သို့ဖြစ်ကြောင်း ချီးမွမ်းရေးဖွဲ့ ထားသည် (၁ရာ ၁၆း၁၀)။ သိုးများတို့မည်သည် သိုးထိန်း၏ ကျွေးမွေးပြုစုခြင်း၊ လမ်းပြခြင်း၊ ကာကွယ်ခြင်း၌ လုံးဝမှီခို နေတတ်သည်။ ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုကို ကောင်းသောသိုးထိန်း (ယော ၁၀း၁၁) သိုးထိန်းကြီး (ဟေဗြဲ ၁၃း၂၀၊ ၁ပေ ၅း၎) အဖြစ် တင်စားသည်။
ဘုရားသခင်သည် ကောင်းသော သိုးထိန်း ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် သူ၏ သိုးများဖြစ်ကြသည်။ သိုးထိန်းရှင် ဘုရားသခင်၏ လမ်းညွှန်မှုကို ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်း၊ သစ္စာရှိခြင်းဖြင့် လိုက်လျောက်မှသာ သိုးထိန်းရှင်၏ အုပ်ချုပ်မှုအောက် ခံယူရာ ရောက်ပေမည်။
ဤကျမ်းပိုဒ်သည် တိရစ္ဆာန်သိုး၏ အရည်အသွေးကို ဖော်ပြခြင်း မဟုတ်။ သိုးများကဲ့သို့သော ဘုရားသခင်၏ နောက်တော်သို့ လိုက်သော ကျွန်ုပ်တို့ကို ဖော်ညွှန်းပါသည်။
သိုးထိန်းရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာတွက် စိမ်းလန်းသော ကျက်စားရာ အရပ် တည်းဟူသော ကျွန်ုပ်တို့ လုပ်ရမည့် အလုပ်များ သာယာသော မြစ်နား တည်းဟူသော ကျွန်ုပ်တို့ ခံစားရမည့် ကောင်းကြီးများကို ပို့ဆောင်တော်မူသည်။ ထိုနေရာသို့ ရောက်ရန် သိုးထိန်းရှင် ဘုရားသခင်၏ လမ်းညွှန်မှုကို တသွေမတိမ်း လိုက်လျှောက်ရန် ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘဝလုံခြုံရေး သာမက အတွင်းလူဖြစ်သော ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ တိုးတက်မှု ရှိရေးအတွက် တရားသောလမ်း ဖြစ်တော်မူသော နှုတ်ကပတ်တော်နှင့်လည်း ခွန်အားကို ပေးတော်မူပါသည်။
« Prev . . . ၂၁ ၂၂ ဆာလံ ၂၃ ၂၄ ၂၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »