« Prev . . . ၂၃ ၂၄ ဆာလံ ၂၅ ၂၆ ၂၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၂၅
၂၅း၁ ဆာလံ ၇၂ နှင့် အတူ ရန်သူတို့ အောင်ပွဲမခံပဲ၊ ဘုရားသခင် မစပါမည်အကြောင်း တောင်းပန်သော သီချင်းဖြစ်သည်။
ရန်သူတို့သည် ကျွန်ုပ်တို့အား ဆန့်ကျင်သည် သာမက ဘုရားသခင်နှင့် အသက်ရှင်ခြင်း နည်းလမ်းများကိုပါ တားဆီးကြသည်။ ငွေကြေးအောင်မြင်မှု လူတို့၏ အသိအမှတ်ပြု ခံလိုမှု အတ္တမာန ထောင်လွှားခြင်းများသည် ကျွန်ုပ်တို့၏ ရန်သူများပင် ဖြစ်သည်။ အကြီးမားဆုံးသော ရန်သူသည် စာတန်မာနတ် ဖြစ်သည်။
ဒါဝိဒ်က မိမိရန်သူသည် သူ့အား မလွှမ်းမိုး ပါမည်အကြောင်း ဘုရားသခင်ထံ တောင်းလျှောက်ခြင်း ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်ကို ဆန့်ကျင်နေကြ သောကြောင့်ဖြစ်သည်။
အကယ်၍ ရန်သူများအောင်မြင်သွား ခဲ့ပါလျှင် ကျွန်ုပ်တို့ အသက်ရှင် ရခြင်းသည် အနတ္တသက်သက် ဖြစ်သည်ဟု စဉ်းစားကြမည်ကို ဒါဝိဒ် စိုးရိမ်ခဲ့သည်။ ဒါဝိဒ်သည် မိမိယုံကြည်ခြင်းအပေါ် သံသယ မဖြစ်ခဲ့ပါ။ ဘုရားသခင် သူ့အား ချီးမြောက်မည်ကို သိပါသည်။ သို့သော် ရန်သူများက အောင်နိုင်ခဲ့ပါလျှင် အခြားသူများ၏ ယုံကြည်ခြင်းကို အတားအဆီး ဖြစ်စေနိုင်သည်။
« Prev . . . ၂၃ ၂၄ ဆာလံ ၂၅ ၂၆ ၂၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »