« Prev . . . ၂၃ ၂၄ ဆာလံ ၂၅ ၂၆ ၂၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၂၅
၂၅း၎ ဒါဝိဒ်သည် ဘုရားသခင် သူ့အား သမ္မာတရား လမ်းသို့ ပြညွှန်ရန် အလိုရှိခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ဒါဝိဒ်ကဲ့သို့ ဘုရားသခင် ပြညွှန်သည့်လမ်းကို အလိုရှိပါသလား။ ဘုရားသခင်ကို ရှာဖွေခဲ့ပါသလား။ နှုတ်ကပတ်တော်ကို လေ့လာသောအခါ ဘုရားသခင်၏ ပညတ်တော်အတိုင်း လိုက်လျောက်ခြင်းသည် အသက်တာတွင် ဘုရားသခင် ပြသောလမ်းကို သွားရာရောက်သည်။
ဘုရားသခင်သည် သင့်အား တိကျသောလမ်းကို ဖော်ပြတော် မူလိမ့်မည်။
၂၅း၈-၁၁ ကျွန်ုပ်တို့သည် လောက၏ သွေးဆောင်ခြင်း အမျိုးမျိုးကို တွေ့ကြုံနေရ ကြသည်။ ရုပ်မြင်သံကြား အစီအစဉ်များ၊ နိုင်ငံရေး လှုပ်ရှားမှုများ၊ မှားယွင်းသောဝါဒများ စသည်တို့က လူ့ဘောင်အသိုင်းအဝိုင်းကို ဦးဆောင်နေကြသည်။ လူတို့သည် မိမိတို့၏ စီးပွားရေး၊ လူမူရေး၊ ကျမ်းမာရေး စသော အရေးမျိုးစုံကို တွေ့ကြုံ ရသည့်အပြင် ထိုအရာများ၏ လှုံ့ဆောါခြင်းကို ခံရကြသည်။
ထို့ကြောင့်မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ရန် လမ်းပြမှုကို တဦးဦးမှ ညွှန်ကြားသင့်ပေသည်။ သင့်အသက်တာတွင်လည်း မှန်ကန်သော ဆုံးဖြတ်ချက်များကို ချနိုင်ရန် လမ်းပြသူ ဘုရားသခင်ထံမှ ညွှန်ကြားမှုကို ခံယူသင့်သည်။ သင့်ကို ဘုရားသခင်သည် နှုတ်ကပတ်တော် အားဖြင့် သွန်သင် လမ်းပြမည်။
« Prev . . . ၂၃ ၂၄ ဆာလံ ၂၅ ၂၆ ၂၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »