« Prev . . . ၂၄ ၂၅ ဆာလံ ၂၆ ၂၇ ၂၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၂၆

၂၆း၁ ဒါဝိဒ်ကို ဖြောင့်မတ်သောသူဟု ခေါ်ဆိုရာ၌ သူ့၌ အပြစ်ကင်းသည်ဟု မဆိုလိုပေ။ လူတိုင်းအပြစ်နှင့် မကင်းနိုင်ချေ။ သို့သော် ဒါဝိဒ်သည် ဘုရားသခင်နှင့် အစဉ်အမြဲ မိဿဟာရ ဖွဲ့ခြင်း၊ အပြစ်ပြုမိတိုင်း ဝန်ချတောင်းပန်ခြင်းများကို ပြုလုပ်ခဲ့သည်။ ဘုရားသခင်နှင့် သူ့အကြား သန့်ရှင်းခြင်းကို အမြဲပြုခဲ့သည်။

ကျွန်ုပ်တို့သည်လည်း ဘုရားသခင်နှင့် မိမိအကြား သန့်ရှင်းခြင်း တည်းဟူသော အပြစ်လွတ်ခြင်း အခွင့်ရရန် တောင်းပန်၊ ဝန်ချပါ။ ဘုရားသခင်၏ မေတ္တာတော်နှင့် အပြစ်များကို ဖုံးအုပ်ပါ။

၂၆း၎ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် မယုံကြည်သူများနှင့် ဝေးကွာစာ နေရမည်လား။ ထိုသို့ မဆိုလိုပါ။ မယုံကြည် သူများကဲ့သို့ လောကီဆန်စွာ နေထိုင်ပြုမူခြင်းကို ရှောင်ရှားရန်သာဖြစ်သည်။ မယုံကြည်သေးသော သူများကို မိမိတို့၏မေတ္တာ၊ အားပေး ကူညီခြင်းဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းကို ဖြစ်စေသည်။ သင့် အသက်ရှင်မှုသည် သူတပါး ဘုရားသခင်အား ယုံကြည်စေရန် လျော့နည်းမှု ဖြစ်စေပါသလား။ ထိမိ၍လဲစရာ ဖြစ်နေပါသလား။ ပြန်လည်ဆန်းစစ်ပါ။ မိမိအသက်တာသည် သူတပါးနှင့် မိဿဟာရဖွဲ့ရာ၌ သတိကြီးစွာထားပါ။ မည်သို့အကျိုးသက်ရောက်သည်ကို ဆင်ခြင်သုံးသပ်ပါ။

Continue… » »


« Prev . . . ၂၄ ၂၅ ဆာလံ ၂၆ ၂၇ ၂၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.