« Prev . . . ၂၅ ၂၆ ဆာလံ ၂၇ ၂၈ ၂၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၂၇

၂၇း၁-၃ ကြောက်ရွံ့ထိတ်လန့်ခြင်းသည် အသက်တာ၌ မှောင်မိုက်ခြင်းကို ဖြစ်စေသည်။ ချည်နှောင်ခြင်းကိုပါ ဖြစ်စေသည်။ သို့သော် ကျွန်ုပ်တို့ကို ကယ်တင်သောအရှင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ အလင်းနှင့် ကျွန်ုပ်တို့၏ မှောင်မိုက်ခြင်းများကို ဖယ်ရှားပါ။ ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်သည်ဟု ဒါဝိဒ်ကဲ့သို့ကြွေးကြော်ပါ။

၂၇း၎ ဒါဝိဒ်သည် ဘုရားသခင်၏ ဗိမာန်တော်နှင့် ပတ်သက်၍ အစီအမံများ ချမှတ်စဉ်းစားခဲ့သည် (၁ ရာ၂၂)။ သို့သော် တည်ဆောက်ခွင့် မရခဲ့ပေ။ ဘုရားသခင်သည် သူ၏ နှလုံးသား၌ တည်နေခြင်းသည်ပင် ဘုရားသခင်၏ ဗိမာန်ဟု မှတ်ယူခဲ့သည်။ ဒါဝိဒ် အလိုလားဆုံး ဆန္ဒသည် သူ၏ နှလုံးသား၌ ဘုရားသခင် ဗိမာန်ကို တည်ဆောက်ခြင်း ဖြစ်သည်။

ကျွန်ုပ်တို့သည်လည်း မိမိ၏ နှလုံးသား ဗိမာန်ကို ဘုရားသခင် အတွက် တည်ဆောက်ခွင့် ပြုပြီးပြီလား။

၂၇း၁၀ လူတချို့တို့သည် မိခင်ဖခင်များ၏ ပစ်ပယ်ခြင်းကို နာကျင်စွာခံစားခဲ့ကြ ရဖူးသည်။ အရက်သေစာ သောက်စားခြင်းနှင့် အိမ်ထောင်ပြိုကွဲ ခြင်းသည် ကလေးငယ်များကို အထီးကျန် ဖြစ်စေသည်။

သို့သော် ဘုရားသခင်သည်သာ ထိုအရာများကို ပယ်ရှားနိုင်သူ လွတ်နေသော ကွက်လပ်များကို ဖြည့်ဆည်းပေး နိုင်သူ နာကျည်းမှုများကို သက်သာစေသူ ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာတော်ကား လုံခြုံပေသည်။ နှစ်သိမ့်မှုကို ဖြစ်စေပါသည်။

Continue… » »


« Prev . . . ၂၅ ၂၆ ဆာလံ ၂၇ ၂၈ ၂၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.