« Prev . . . ၂၈ ၂၉ ဆာလံ ၃၀ ၃၁ ၃၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃၀
၃၀း၁ ဤကျမ်းသည် ဗိမာန်တော် တည်ဆောက်မည့် နေရာအတွက် ဒါဝိဒ်က ဘုရားသခင်ထံ ဆက်ကပ် ဆုတောင်းသော ကျမ်းပိုဒ်ဖြစ်သည်။ ဒါဝိဒ်၏ အတွေ့အကြုံ (သို့) ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်တွေ့ရခြင်း အတွက် ဘုရားသခင်၏ အမျက်တော် စူးရှခြင်းကိုဆိုလိုသည်။
ဘုရားသခင်၏ အမျက်တော် စူးရှခြင်းသည် ခဏသာတည်၏။ ကောင်းကျိုး တရားမူကား ကြာရှည်စွာခံစားရသည်။ သင်သည်လည်း အပြစ်မှ ပြန်လှည့်ရန် ဘုရားသခင် သတိပေး သောအခါ ဘုရားသခင်သည် သင့်အပေါ် အမျက်တော် စူးရှုမည်ဖြစ်သည်။
၃၀း၆ လုံခြုံမှုသည် သူ၏ ဘဝတွင် ဘယ်သောအခါမျှ ကွယ်ပျောက် ဆုံးရှုံးခြင်း မရှိဟု ဒါဝိဒ် ခံစားရသည်။ သူ၏ ကြွယ်ဝခြင်း၊ တန်ခိုးအာဏာ တို့သည် ဘုရားသခင်ထံမှ လာသော်လည်း မာနကြီးခြင်းကို ဖြစ်ပေါ်စေခဲ့သည်။
သင့် အသက်တာ တွင်လည်း တခါတရံ ဤသို့ ကြုံတွေ့ရမည် ဖြစ်သည်။ လောကီ စည်းစိမ်များက လုံခြုံမှုကို မပေးနိုင်ပေ။ ဘုရားသခင်သာ ပေးနိုင်သည်။
သို့သော် ဘုရားသခင်ထံ သူ၏ အမှားများကို ဝန်ခံခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ သူ ခိုင်ခံ့ခြင်း ဖြစ်သည်ဟု ဝန်ခံခဲ့သည်။ သူ၏ ငိုကြွေးခြင်းကို ဘုရားသခင်က ကခုန်ခြင်း ဖြစ်စေခဲ့သည်။ ဘုရားသခင်အား ဝမ်းနည်း ပူဆွေးစွာ တောင်းပန်ခဲ့သည်။
« Prev . . . ၂၈ ၂၉ ဆာလံ ၃၀ ၃၁ ၃၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »