« Prev . . . ၂၉ ၃၀ ဆာလံ ၃၁ ၃၂ ၃၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃၁
၃၁ ကျွန်ုပ်တို့သည် မိမိတို့ ပိုင်ဆိုင်သော အရာများကို ဘုရားသခင်ထံ အပ်နှံရမည်။ မိမိကိုယ်တိုင်ပင် ဘုရားသခင်ထံ လုံးဝအပ်နှံရန် ပို၍အရေးကြီးသည်။
၃၁း၁ ဒါဝိဒ်သည် ဘုရားသခင် ထံသို့ သူ့အား ကယ်နှုတ်ပါရန် တောင်းလျှောက်ခဲ့သည်။ ဘုရားသခင်၏ ဂုဏ်တော်များကို ချီးမွမ်းခဲ့သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပါသည်ဟု ပြောဆိုနေကြ သော်လည်း ဘုရားသခင် အပေါ် လုံးဝစိတ်ချမှု မရှိ ဖြစ်နေကြသည်။
သခင်ယေရှုသည် ကားတိုင်ပေါ်၌ အသက်တော် စွန့်ခါနီးတွင် ပြောဆိုသော စကားများ (လု ၂၃း၄၆) အရ ဘုရားသခင်ကို လုံးဝမှီခို အားထား သည်ကို တွေ့ရသည်။
၃၁း၆ ဒါဝိဒ်သည် မုသာအနတ္တကို ဆည်းကပ် ကိုးကွယ်ခြင်းအား ဖော်ပြထားပါသနည်း။ အခြားသော အရာများက မိမိတို့ အသက်တာကို လွှမ်းမိုးနေပါက ဘုရားသခင်ထံ လုံးဝအပ်နှံမှု ပြုနိုင်မည် မဟုတ်ပါ။ အခြားသော အရာများဖြစ်သည့် စည်းစိမ်ကွယ်ဝခြင်း၊ အောင်မြင် တိုးတတ်ခြင်းတို့က ဘုရားသခင်၏ လမ်းပြမှုကို မမျှော်လင့်နိုင်ပါ။ ဘုရားသခင်သည်သာ ကျွန်ုပ်တို့အတွက် အမြင့်ဆုံးသော အာဏာရှင်ဖြစ်၏။ ယုံကြည် အားကိုးထိုက်၍ အသက်တာကို အပ်နှံပါ။
« Prev . . . ၂၉ ၃၀ ဆာလံ ၃၁ ၃၂ ၃၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »