« Prev . . . ၃၀ ၃၁ ဆာလံ ၃၂ ၃၃ ၃၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃၂
၃၂း၁ ဤကျမ်းချက်ကို ဆာလံ ၅၁ နှင့်တွဲ၍ ဖတ်ရှုပါ။ အပြစ်အတွက် နောင်တရခြင်းနှင့် သက်ဆိုင်သည်။ ဒါဝိဒ်၏ အပြစ်မှလွတ်ခြင်း ခံရသော ဝမ်းမြောက် ကြည်နှုးခြင်းကို ဖော်ပြထားသည်။
ဘုရားသခင်သည် အပြစ်သားများအား အပြစ်လွှတ်လိုသည်။ အပြစ်လွှတ်ခြင်းသည် ဘုရားသခင်၏ မေတ္တာတော် တစိတ်တဒေသ ဖြစ်သည်။ ခရစ်တော်မှ တဆင့် ကျွန်ုပ်တို့ သိရှိရန် ပြသခဲ့သည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို နားလည်ရသည် (ရော ၄း၇)။ ယုံကြည်ခြင်းကိုလည်း ဖြစ်ပေါ်စေသည်။
၃၂း၅ အပြစ်ဝန်ချခြင်း ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်နှင့် စိတ်သဘော တညီတညွတ်တည်း ရှိခြင်း၊ သင်၏ ပြုမှုသမျှအား ဘုရားသခင်ထံ ပေးအပ်ခြင်း၊ အပြစ်ပြုလိုသောဆန္ဒ၊ စိတ်ကူးများကို ဝန်ခံခြင်းဖြစ်သည်။
ကျွန်ုပ်တို့လည်း အပြစ်ပြုခြင်းကို စွန့်လွှတ်လိုသော စိတ် ရှိရမည်။
၃၂း၈ လူအချို့တို့သည် မြင်းများကဲ့သို့ ဇက်ကြိုးနှင့် ထိန်းပေးရတတ်သည်။ ထိုသူတို့ကို အသုံးဝင်သော သူများဖြစ်လာစေရန် ဘုရားသခင်သည် သွန်သင်မည်။ သွားရမည့် လမ်းသို့ပြညွှန်မည်။ တခါတရံ နုံအ စွာဖြင့် ခေါင်းမာ တတ်ကြသည်။ ဘုရားသခင်ထံ သင့်နုံအခြင်းကို နာခံခြင်း ဖြစ်စေဖို့ တောင်းလျောက်ပါ။
« Prev . . . ၃၀ ၃၁ ဆာလံ ၃၂ ၃၃ ၃၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »