« Prev . . . ၃၂ ၃၃ ဆာလံ ၃၄ ၃၅ ၃၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၃၄

၃၄း၁ ဘုရားသခင်သည် ဆုကျေးဇူး အမျိုးမျိုးကို ကျွန်ုပ်တို့အား ပေးထားကြောင်း၊ ကောင်ကြီး မင်္ဂလာဟူသည် မိမိတို့ပါဝင် လုပ်ဆောင်ခြင်း၏ အကျိုးဖြစ်ကြောင်း ဖော်ပြတော်မူသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ အားကြောက်ရွံ့ခြင်းမှ ကယ်နှုတ်တော် မူသည်။ ကောင်းကင်တမန် များအားဖြင့် မစသည်။ ဘုရားသခင် ကောင်းမြတ်ကြောင်းကို သိစေသည်။ လိုအပ်သော အရာများကို ပေးတော်မူသည်။ အော်ဟစ်သောအခါ နားထောင်တော် မူသည်။

ကျွန်ုပ်တို့သည် မုသားစကားကို ရှောင်၍ ဒုစရိုက် အပြစ်မှ လွဲလျင် ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာကို ခံစားရမည်။ နှိမ့်ချ၍ ဘုရားသခင် အစေကို ခံသောအခါ ချီးမြှောက်တော် မူသည်။

၃၄း၈ မြည်းစမ်း၍ သိမှတ်ကြလော့ ဆိုသည်မှာ ဘုရားသခင်အား စုံစမ်းခြင်း မဟုတ်ပဲ၊၊ ဘုရားသခင် ကျွန်ုပ်တို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို သိမြင်ခြင်း၊ အသိအမှတ် ပြုခြင်းဖြစ်သည်။ ဘုရားသခင် နောက်တော်သို့ လိုက်ရာတွင် ဦးစွာနာခံခြင်း တည်းဟူသော ခြေလှမ်းကို စတင်ရမည်။ ဘုရားသခင်ကို နေ့စဉ် ယုံကြည်ကိုးစား လာသည်နှင့်အမျှ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကိုသိမြင် ခံစားလာရပါသည်။

Continue… » »


« Prev . . . ၃၂ ၃၃ ဆာလံ ၃၄ ၃၅ ၃၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.