« Prev . . . ၃၂ ၃၃ ဆာလံ ၃၄ ၃၅ ၃၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၃၄

၃၄း၁၁ ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်ကို စောင့်ရှောက်လော့ (ဒေ ၁၂း၁၃) ငါ့ကို ချစ်သော သူသည် ငါ့စကားကို နားထောင်လိမ့်မည်။ (ယော ၁၄၂၃) ဒါဝိဒ်က ထာဝရဘုရားကို ကြောက်ရွံ့သော သူသည် မုသားကို မပြော၊ ဒုစရိုက်ကို လွဲရှောင်၍ သုစရိုက်ကို ပြုသောသူ၊ သူတပါးနှင့် သင့်တင့်စွာ နေထိုင်ခြင်းရှိသည်။

သူတပါးနှင့် သင့်တင့်စွာ နေထိုင်ခြင်းသည် ကြိုးစား၍ စွမ်းဆောင်ခြင်းဖြစ်သည်။ သူတပါးနှင့် သင့်တင့်စောနေထိုင်လိုသော သူသည် အငြင်း သန်သောသူ တကိုယ်ကောင်း ဆန်သောသူ မဖြစ်ရပါ။

၃၄း၁၈ ကျွန်ုပ်တို့သည် ဝမ်းနည်းကြေကွဲ ဖွယ်ရာများ၊ စိတ်ဓါတ်ကျဆင်း စရာများကို ရှောင်ရှားလို ကြသည်။ သို့သော် ဘုရားသခင်သည် ကျိုးပဲ့သော စိတ်ရှိသော သူနှင့် နှလုံးကြေကွဲသော သူတို့နှင့် နီးတော် မူသည်ဟု ကတိတော်ရှိသည်။ ဘုရားသခင်၏ ကတိတော်သည် ကျွန်ုပ်တို့အတွက် ခွန်အား၊ နှစ်သိမ့်မှုနှင့် ဘဝအတွေ့အကြုံ တို့ကို ကူညီရာဖြစ်သည်။ ပြဿနာများ ကြုံတွေ့သောအခါ ဘုရားသခင် အပေါ် စိတ်မပျက်ပါနှင့်။ ဘုရားသခင်၏ အကူအညီကို အမှန်တကယ် လိုအပ်သည်ကို ဝန်ခံပါ။ ကျွန်ုပ်တို့ ဘက်မှာ အစဉ်ရှိခြင်း အတွက် ကျေးဇူးတော် ချီးမွမ်းပါ။

၃၄း၂၀ ဤကျမ်းပိုဒ်သည် သခင်ခရစ်တော်အား လက်ဝါးကားတိုင်တွင် တင်သတ်ခြင်းကို ပရောဖက်ပြုထားသော ကျမ်းပိုဒ်ဖြစ်သည်။ ရောမတို့၏ အစဉ်အလာ တစ်ခုမှာ ကားတိုင်တွင် တင်သတ်ခံရသူ၏ ခြေထောက်အရိုးကို ချိုးခြင်းအားဖြင့် လျင်မြန်စွာ သေဆုံးစေလေ့ ရှိသည်။ သို့သော် သခင်ခရစ်တော် ဤသို့ မခံခဲ့ရပေ။ (ယော ၁၉း၃၂-၃၇)

Continue… » »


« Prev . . . ၃၂ ၃၃ ဆာလံ ၃၄ ၃၅ ၃၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.