« Prev . . . ၃၃ ၃၄ ဆာလံ ၃၅ ၃၆ ၃၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃၅
၃၅း၁ ဤကျမ်းပိုဒ်သည် ဘုရားသခင်က သူ၏ ရန်သူများအပေါ် ဖြေရှင်းပေးရန် ကျိန်ဆိုထားသော ကျမ်းပိုဒ်ဖြစ်သည်။ ရေးသားချက် များကား ပြင်းထန်သည်။ သို့သော် ဒါဝိဒ်သည် အဘယ်ကြောင့် မတရားမှု ပြုသူတို့ လက်မှ ရှောင်ပြေးရပါသနည်း။ သူမသိ နားမလည်ပါ။ ရန်သူများအား လက်စားချေရန် မဟုတ်ပဲ၊ ဘုရားသခင်ထံ အပ်နှံခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်သည် ပြင်းထန်သော်လည်း မတရားမှု များကို ခိုင်မာစွာ ဆန့်ကျင်ရန် လှုံ့ဆော်ထားခြင်း ဖြစ်သည်။
၃၅း၁၃ ဒါဝိဒ်သည် သူ၏ ဆုတောင်းချက်များကို ဘုရားသခင်က အဖြေမပေး သကဲ့သို့ ခံစားရသည်။ ကျွန်ုပ်တို့သည်လည်း ကြုံတွေ့ရသော အခက်အခဲများမှ လွတ်မြောက်မှု နှေးကွေးပါက ဘုရားသခင် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းကို အဖြေမပေး သယောင် ခံစားရသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆုတောင်းချက်တိုင်းကို ကြားတော်မူသည်။ ကျွန်ုပ်တို့ ဆုတောင်းချက်များကို ဘုရားသခင်၏ အလိုတော်နှင့်အညီ တောင်းရမည်။ ချက်ချင်း အဖြေ မရသည်ကို စိတ်မပျက်ပါနှင့်၊ ဇွဲနှင့်ဆုတောင်းပါ။
၃၅း၂၁-၂၃ ကျွန်ုပ်တို့သည် မတရားစွပ်စွဲ ခံရပါက ဖြစ်လေ့ဖြစ်ထ ရှိသည်မှာ ထိုသူတို့အား ကလဲ့စားခြေခြင်း (သို့မဟုတ်) ကာကွယ်ပြောဆိုခြင်း တို့ဖြစ်သည်။ ဘုရားသခင်အား သင့်ကိုယ်စား ပြဿနာ ဖြေရှင်းစေပါ။ သူတို့၏ အမြင်တွင် သင့် အသက်တာသည် ရှင်းလင်းစေရန် ဘုရားသခင်ဖြေရှင်း ပေးပါလိမ့်မည်။
« Prev . . . ၃၃ ၃၄ ဆာလံ ၃၅ ၃၆ ၃၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »