« Prev . . . ၃၅ ၃၆ ဆာလံ ၃၇ ၃၈ ၃၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၃၇

၃၇း၁ တရားသော သူတို့၏ ကြွယ်ဝခြင်း၊ ကျော်ကြားခြင်း တို့သည် မည်သည့်အခါမျှ အားကျစရာ မကောင်းပါ။ သူတို့၏ အောင်မြင်ခြင်းသည် မြက်ပင်ကဲ့သို့ သွေ့ခြောက်ခြင်းကို ခံရကြမည်။

ဘုရားသခင်၏ နောက်လိုက်များမှာ ထိုကဲ့သို့ မဟုတ်။ ပို၍မြင့်မြတ်သော ကောင်းကင်ဘဏ္ဍာကို ခံစားရရှိမည်။ ထာဝရ ခံစားရမည့် အရာများဖြစ်သည်။

၃၇း၎ ဒါဝိဒ်က ဘုရားသခင်ထံ မိမိတို့ ဘဝ၌ ရှိသည့် အရာများကို ဆက်ကပ်အပ်နှံရန် ဘုရားသခင် အတွက်သာ လုပ်ဆောင်မှုဖြစ်ရန် တိုက်တွန်းထားသည်။ လူလူချင်း ပေါင်းသင်းမွေ့လျော်ခြင်းသည် အချိန်အခါနှင့် အခြေအနေပေါ် မူတည်သည်။ ဘုရားသခင်နှင့် မွေ့လျော်ခြင်းသည် ဘုရားသခင်၏ ကြီးမားသော မေတ္တာတရားကို သိရှိခံစားရခြင်း ဖြစ်သည်။

“ကိုယ့်အမှုအရာကို ထာဝရဘုရား၌ အပ်လော့” မိမိ၏ အသက်တာ မိသားစုအရေးနှင့် ပိုင်ဆိုင်မှုများကို ဘုရားသခင်ထံ အပ်နှံရန်ဖြစ်သည်။ ဘုရားသခင်ကို ကိုးစားခြင်းဖြစ်၍ ဘုရားသခင်သည် အရာအားလုံးကို ပြင်ဆင်ပေးလိမ့်မည်။ ကျွန်ုပ်တို့ စိတ်ရှည်စွာ စောင့်စားရန် ဖြစ်သည်။

၃၇း၈ ဒေါသနှင့် ပူပန်ခြင်းသည် ပျက်စီးခြင်းကို ဖြစ်ပေါ်စေသည်။ ထိုအရာများသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ မေတ္တာတော်ကို မယုံကြည်ရာ ရောက်သည်။ သင်သည် ပြဿနာ မျိုးစုံနှင့် ပူပန်ခြင်းများကို ဘုရားသခင်ထံ အပ်နှံပါ။ ငြိမ်သက်ခြင်းကို ဦးစွာခံစားရမည်။ ဘုရားသခင်၏ လမ်းပြပဲ့ပြင်ခြင်းကို ခံစားလာရပါမည်။

၃၇း၁၁ နှိမ့်ချခြင်းသည် အသက်တာ၏ အောင်မြင်ခြင်း လက်နက်တခု ဖြစ်သည်။ စိတ်နှလုံး နှိမ့်ချသော သူသည် ဘုရားသခင် ရှေ့၌ မင်္ဂလာရှိသောသူ ဖြစ်၍ ဘုရားသခင်၏ ဆုလဒ်ကို ခံစားရမည် ဖြစ်သည်။

Continue… » »


« Prev . . . ၃၅ ၃၆ ဆာလံ ၃၇ ၃၈ ၃၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.