« Prev . . . ၃၅ ၃၆ ဆာလံ ၃၇ ၃၈ ၃၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃၇
၃၇း၂၁ လူတယောက်၏ အတွင်းစိတ်ထားကို ထိုသူ၏ သာမန် အသက်ရှင် ပြုမူခြင်းတို့၌ တွေ့နိုင်သည်။ မတရားသော သူသည် ချေးငှားဟန်ဆောင်၍ ခိုးယူတတ်သည်။ ဖြောင့်မတ်သော သူတို့မူကား ရက်ရောစွာပေးကမ်း တတ်သည်။ မတရားသော သူသည် မိမိအကျိုးကိုသာ ကြည့်တတ်သည်။ ဖြောင့်မတ်သောသူကား သူတပါး၏အကျိုးကို ကြည့်တတ်သည်။
၃၇း၂၃ ဘုရားသခင်၏ အလိုတော်ကို ဆောင်၍ နာခံတတ်သော သူကို ဘုရားသခင် နှစ်သက်တော် မူသည်။ ထိုသူ၏ ခြေတလှမ်း စီကို ဘုရားသခင် ကြည့်ရှုတော် မူသည်။ ဘုရားသခင်၏ အကြံအစည်ကို ရှာဖွေပါ။
၃၇း၂၅ ဤလောက၌ ငတ်မွတ်ခြင်းကို ကြုံတွေ့နေရစဉ် ဘုရားသခင်သည် သူ၏သားသမီးများ အပေါ် အစဉ် ပေးဝေလျက် ရှိသည်။ ဒါဝိဒ်၏ နေ့ရက်ကာလ၌ ဣသရေလတို့တွင် ဘုရားသခင်သည် နာခံသမျှ ကာလပတ်လုံး လူတိုင်းအတွက် လုံလောက်သော အသက်မွေးသည့် အစားအစာ များကို ပြင်ဆင်ပေးခဲ့သည်။ သို့သော် ဘုရားသခင်အား မေ့လျော့သောအခါ ဆင်းရဲဒုက္ခကို ခံစားခဲ့ကြရသည်။
ယနေ့ ကျွန်ုပ်တို့သည်လည်း အဘယ်ကြောင့် ဆင်းရဲ ငတ်မွတ်ခြင်းကို ရင်ဆိုင်နေရ ပါသနည်း။ ဘုရားသခင်အား နာခံမှု မရှိခြင်းကြောင့် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ထိုဆင်းရဲခြင်း အားဖြင့် သူ့အား ယုံကြည်အားကိုးစေသည်။ ထိုဆင်းရဲသူ များကို ကျွန်ုပ်တို့ ကူညီပေးရန် ဘုရားသခင် အလိုတော် ရှိပါသည်။
၃၇း၃၄ ဘုရားသခင်သည် အရာအားလုံကို အချိန်ကျမှ ပြီးပြည့်စုံစေသည် (၁ပေ ၅း၆)။ “ဘုရားသခင်သည် ကာလအချိန် တန်လျှင် သင်တို့ကို ချီးမြှောက်တော် မူမည့်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုယ်တိုင် နှိမ့်ချကြလော့”
ဘုရားသခင်သည် သင့်ဘဝ အသက်တာ ပြောင်းလဲတိုးတတ်မှု များကို ပြုစေရန် အကောင်းဆုံးသော အချိန်ကို ရွေးချယ်တော် မူသည်ကို သိမှတ်ပါ။
« Prev . . . ၃၅ ၃၆ ဆာလံ ၃၇ ၃၈ ၃၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »