« Prev . . . ၃၆ ၃၇ ဆာလံ ၃၈ ၃၉ ၄၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃၈
၃၈း၁ ဒါဝိဒ်က ဘုရားသခင်၏ အမျက်တော် သူ့အပေါ် မကျရောက်စေရန် အော်ဟစ်တောင်းပန်သည်။ သူသည် အပြစ်တင်ထိုက်သောသူ ဖြစ်သည်ဟု ဝန်ခံခဲ့သော်လည်း၊ သနားသော စိတ်နှင့် အပြစ် မကျရောက် ပါမည်အကြောင်း ဆုတောင်းတော်မူသည်။
၃၈း၁ ဤကျမ်းပိုဒ်သည် ဒါဝိဒ်၏ နောင်တရခြင်းကို ဖော်ပြထားသည်။ သူ၏ အပြစ်များကြောင့် ကျန်းမာရေး ထိခိုက်သည်။ အခြားသော သူများနှင့် ကွာဝေးစေသည်။ အထီးကျန် ဖြစ်စေသည်။ ထို့ကြေင့် အပြစ်ကို နောင်တရ ဝန်ချခဲ့သည်။
၃၈း၂ ဒါဝိဒ်၏ စိတ် မသာယာခြင်းသည် ဘုရားသခင်မှ သူ့အား စီရင်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုသို့ အပြစ်စီရင်ခြင်းဖြင့် ဘုရားသခင် ထံတော်သို့ ပြန်လှည့်စေသည် (ဟေဗြဲ ၁၂း၅-၁၁)။ အပြစ်များကို နောင်တ ရသောအခါ ဘုရားသခင် ခွင့်လွှတ်တော် မူသော်လည်း အကျိုးအပြစ် ကိုတော့ ခံစားကြရမည်။ စိုက်သည့် အတိုင်းရိတ်ရမည်။
၃၈း၁၃ အခြားသော သူများက ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာကို ထိပါးစော်ကား လာကြလျှင် ကျွန်ုပ်တို့သည် ငြိမ်ဝပ်စွာနေရန် ခက်ခဲသည်။ သို့သော် သခင်ယေရှုသည် ရန်သူများလက်ဝယ် သူ၏ဂုဏ်သိက္ခာ၊ ကိုယ်ထိလက်ရောက် စော်ကား ခံရသော်လည်း ဆိတ်ငြိမ်စာ နေခဲ့ပြီး (လု ၂၃း၉ -၁၀) အရာ အားလုံးကို ဘုရားသခင် လက်တော်၌ အပ်နှံခဲ့သည် (၁ ပေ ၂း၂၁-၂၄)။ ဘုရားသခင်၏ လက်တော်သည် ကျွန်ုပ်တို့အသက်တာ၊ ဘဝ အရာအားလုံး အပ်နှံရန် အကောင်းဆုံးသော နေရာဖြစ်သည်။
« Prev . . . ၃၆ ၃၇ ဆာလံ ၃၈ ၃၉ ၄၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »