« Prev . . . ၃၇ ၃၈ ဆာလံ ၃၉ ၄၀ ၄၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၃၉

၃၉း၁ “စကားဖြင့်မျှ မပြစ်မှားမိစေရန် သတိပြုရမည်” ဟု သတိပေးထားသည်။ သူတပါးကို ဝေဖန်ခြင်း မပြုရန်နှင့် အထူးသဖြင့် ဘုရားသခင် ဘိသိတ်ပေးထားသော သူကိုမဝေဖန်ရန် ဆင်ခြင်သင့်သည်။

သင်သည်လည်း တဦးတယောက်ကို မကျေနပ်သော ပြစ်တင်ဝေဖန်ခြင်းမပြုရန် ဘုရား အလိုတော် ရှိပါသည်။

၃၉း၎ ကျွန်ုပ်တို့ အသက်တာသည် တိုတောင်းလှပါသည်။ အရေးကြီးသော အရာများကို ဆောင်ရွက်ရန် သင့်တော်သောရက်ဟူ၍ မသတ်မှတ်ပါနှင့်။ ချက်ချင်းဆောင်ရွက်ပါ။

အကယ်၍ သင်သည် နောက်ခြောက်လသာ အသက်ရှင်ရမည်ဟု ဆိုလာလျှင် (၁) မိမိ ချစ်ခင်မြတ်နိုး သူကို ပြောပြပါ။ (၂) ထိုသူနှင့် မသင့်တင့်သော သဘောထား မတိုက်ဆိုင်သော အရာကို ညှိယူပါ။ (၃) ခရစ်တော်နှင့် ပါတ်သက်၍ ပြောပြပါ။

၃၉း၆ ဆာလံကျမ်း၊ သုတ္ဘံကျမ်းနှင့် ဒေသနာကျမ်း တို့တွင် အသက်တာသည် အနတ္တသက်သက် ဖြစ်ကြောင်း ဖော်ပြထားသည်။ မိမိဘဝ တိုးတက်မှုနှင့် လုံခြိုစိတ်ချမှု ရှိအောင် မည်သို့ပင် ကြိုးစားစေကာမူ အနတ္တ အသက်သက်ပင် ဖြစ်ကြောင်း၊ ထာဝရကာလကို မည်သို့မျှ အကျိုးမပြုနိုင်ကြောင်း ဖော်ပြထားသည်။

သို့သော် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းသည် ဘုရားသခင်သာ ဖြစ်တော်မူသည်။

၃၉း၁၀ “ကျွန်ုပ်ကို ဒဏ်ခတ်တော် မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံးမခြင်းကို ခံရ၍ အားကုန်ပါပြီ”ဟု ဒါဝိဒ်ဖော်ပြထားသည်။

ဘုရားသခင်သည် ချစ်သောသူကို ဆုံးမတော် မူသည်။ နှစ်သက်သော သူကို ဒါဏ်ခတ်တော်မူသည်။

Continue… » »


« Prev . . . ၃၇ ၃၈ ဆာလံ ၃၉ ၄၀ ၄၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.