« Prev . . . ၃၈ ၃၉ ဆာလံ ၄၀ ၄၁ ၄၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၄၀

၄၀း၁ ဘုရားသခင်ကို မျှော်လင့်ခြင်းသည် လွယ်ကူသော အလုပ် မဟုတ်ပါ။ သို့သော် ရရှိသော အကျိုးအမြတ်မှာ ဘုရားသခင်သည် စိတ်ပျက်ခြင်းမှ ကယ်နှုတ်သည်။ ကျောက်ပေါ်မှ သူ၏ခြေကို တင်ပေးသည်။ ခိုင်မာသော အရပ်၌ တည်စေသည်။ ချီးမွမ်းရာ သီချင်းသစ်ကို မြွက်ဆိုစေသည်။

၄၀း၆ “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိ”ဟု ဒါဝိဒ် ဖော်ပြခဲ့သည်။ ဒါဝိဒ် အချိန်ကာလ၌ တဲတော်တွင် ယဇ်ပူဇော်ခြင်းသည် ဓလေ့ထုံးစံ အဖြစ် ရှိခဲ့သည်။

ကျွန်ုပ်တို့သည်လည်း ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုခြင်းသည် ဓလေ့ထုံးစံအရ ပါဝင်ခြင်းဖြစ်နေ ပါသလား။ ဘုရားကျောင်းတက်ခြင်း၊ ပွဲတော်မင်္ဂလာ ပါဝင်ခြင်း၊ ဆယ်ဖို့တဖို့ ထည့်ဝင်ခြင်းသည် ဘုရားသခင်အတွက် အစဉ်အလာ တစ်ခုအဖြစ် သဘောထား နေပါသလား။

ဘုရားသခင်အား ရိုသေခြင်းဖြင့် တိုးဝင်ဆက်ကပ်သော စိတ်ထား မဟုတ်သော မည်သည့် ပူဇော်ခြင်းကိုမျှ ဘုရားသခင် လက်မခံပါ။ သင်သည် ဘုရားသခင်အား နာခံခြင်းနှင့် အလိုတော်အတိုင်း အစေခံခြင်းကို ဘုရားအလိုတော် ရှိပါသည်။

၄၀း၇ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရာ၌ ကျွန်ုပ်သည် အားရဝမ်းမြောက် ပါသည်။ ဒါဝိဒ်သည် ဘုရားသခင်၏ သစ္စာရှိခြင်းနှင့် ကယ်တင်ခြင်းကို သူတပါးအား သိစေသည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို လျှို့ဝှက်၍မထားနိုင်ပါ။

သင့် အသက်တာ၌ ဘုရားသခင်၏ လုပ်ဆောင်ခြင်းများကို သူတပါးအား ပြောပြသက်သေခံပါ။

၄၀း၁၀ ကျွန်ုပ်တို့ အပေါ် သစ္စာရှိသော သူတို့သည် ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးဖွယ်သော အခြေအနေမျိုး မရှိသည့်တိုင် ကျွန်ုပ်တို့အား လက်ခံနိုင်သည်။ ဘုရားသခင်၏ သစ္စာတရားသည်ကား ကျွန်ုပ်တို့ အပေါ် ပြည့်ဝစုံလင်စေသည်။ အပြစ်ပြုခြင်းကို ကျွန်ုပ်တို့ မကြာခဏ ဦးတည်နေပါသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သည်။ ကျွန်ုပ်တို့ ကတိပျက်သော်လည်း ဘုရားသခင် ကတိမပျက်ပါ။

Continue… » »


« Prev . . . ၃၈ ၃၉ ဆာလံ ၄၀ ၄၁ ၄၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.