« Prev . . . ၄၈ ၄၉ ဆာလံ ၅၀ ၅၁ ၅၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၅၀

၅၀း၁ ကျွန်ုပ်တို့သည် တခါတရံ ဘုရားသခင်ကို အပေါ်ယံအားဖြင့် ဝတ်ကျေတမ်းကျေ ကိုးကွယ်ကြသည်။ ပူဇော်သက္ကာများကို ဘုရားသခင်ထံ ယူဆောင် လာကြသော်လည်း စိတ်နှလုံးမူကား ဘုရားသခင်သည် ကျွန်ုပ်တို့နှလုံးသားထဲက ဆုတောင်းခြင်း၊ ကိုးကွယ်ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း ကိုသာ အလိုတော် ရှိပါသည်။

၅၀း၎ ဘုရားသခင်အား စိတ်နှလုံး အကြွင်းမဲ့ မကိုးကွယ် သူများကို မတရားသော သူများအဖြစ် ဘုရားသခင် သတ်မှတ်တော် မူသည်။ ထိုသူတို့ကို ဘုရားသခင် စစ်ကြောတော်မူမည် (၁ ပေ ၄း၁၇)။

၅၀း၅-၉ ဘုရားသခင်သည် မေတ္တာတော်နှင့် ပြည့်ဝ၍ အပြစ် လွတ်နိုင်သောသူ ဖြစ်သည်။ လူတို့သည် မိမိတို့ အပြစ်များအတွက် တိရစ္ဆာန်များကို သတ်၍ ယဇ်ပူဇော်ခြင်းဖြင့် အပြစ်ဖြေကြသည်။

စစ်မှန်သော ပူဇော်ခြင်းသည် စိတ်နှလုံးပါလျက် ဘုရားသခင်ထံ သစ္စာပြုခြင်းဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားကျောင်းတက်ခြင်း၊ ဆယ်ဖို့တဖို့ လှူခြင်း စသော အရာတို့၌ စိတ်နှလုံး မပါပဲ တာဝန်ဝတ္တရား တစ်ခုအနေ ဖြင့်သာ ပြုမူဆောင်ရွက် ကြသည်။ အနှစ်သာရ ကင်းမဲ့သော ကိုးကွယ်ဝတ်ပြုခြင်းကို ဘုရားသခင် လက်ခံတော်မမူပါ။

၅၀း၁၆ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြနေသော်လည်း အတွင်း စိတ်နှလုံးမူကား ဘုရားသခင်ကို နာခံရန် ငြင်းဆန်ကြသည်။ မိမိတို့ ပြောသည်အတိုင်း မလုပ်ကိုင်၊ မနေထိုင်သော သူသည် လျှို့ဝှက်သောသူ (Hypocrite) အယောင်ဆောင်သောသူဖြစ်သည်။

၅၀း၂၁ ဘုရားသခင်သည် တိတ်ဆိတ်စွာ နေလိမ့်မည်မဟုတ်ပါ (ယေဇ ၃၃း၁၁)။ ထိုသူများကို မိမိတို့ပြုသော အပြစ်အလျောက် စီရင်တော် မူလိမ့်မည် ( ၁ ပေ ၃း၅)။ ထိုသူတို့ နောင်တရရန် အချိန်ကို ဘုရားသခင် ပေးထားတော်မူသည်။

Continue… » »


« Prev . . . ၄၈ ၄၉ ဆာလံ ၅၀ ၅၁ ၅၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.