« Prev . . . ၅၃ ၅၄ ဆာလံ ၅၅ ၅၆ ၅၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၅၅

၅၅း၁ ဒါဝိဒ်သည် သားတော် အဗရှလုံ (Absalom) သူ့အား ပုန်ကန်ချိန်၌ ရေးသားထားသည် (၂ ရာ ၁၅၊ ၁၇)။ အခန်းငယ် ၁၃-၁၄ သည် မေရှိယ (Messiah) ကို ညွှန်းဆိုသည်။ ယုဒ (Judas) ရှကာရုတ် (Iscariot) ၏ ခရစ်တော်ကို အပ်နှံခြင်းကို ဖော်ပြထားသည် (မ ၂၆း၁၄-၁၆)။

၅၅း၆ တခါတရံ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်သော်လည်း အခက်အခဲ၊ ပြဿနာများကို ရင်ဆိုင်ရကြသည်။ ထိုပြဿနာ များမှလည်း လွတ်ကင်းလိုကြသည်။ ရှောင်ပြေးလိုကြသည်။

၅၅း၉ ကျွန်ုပ်တို့သည် အခက်အခဲ ပြဿနာနှင့် ပြည့်ဝနေသော ပတ်ဝန်းကျင်ကို ကာကွယ်ရန် ကြိုးစားနေကြသည်။ သို့သော် မိမိတို့၏ အခက်ခဲ ပြဿနာများကို ဖြစ်စေသော မိမိတို့၏ အပြစ်များကို သတိမမူဘဲ ရှိနေကြသည်။

၅၅း၁၂ မိတ်ဆွေစစ်တို့ မည်သည် သင်ဒုက္ခ ရောက်သောအခါတွင် သင်နှင့် အတူရှိပြီး သင့်အား နှစ်သိမ့်မှု၊ မေတ္တာနှင့် နားလည်မှုကို ပေးသည်။ သင်သည် မည်သို့သော မိတ်ဆွေဖြစ်ပါသနည်း။ သင်ချစ်မြတ်နိုးသူ အပေါ်မည်သည့်အခါ၌မျှ သစ္စာဖောက် အပ်နှံခြင်းမပြုပါနှင့်။

၅၅း၁၇ နေ့စဉ်အချိန်းတိုင်း ဘုရားသခင်ကို ပဋ္ဌနာပြုခြင်းသည် တနေ့တာလုံး မှန်ကန်သော လုပ်ဆောင်မှု၊ ရွေးချယ်မှုကို ဖြစ်စေသည်။ ဒံယေလ (Daniel) (ဒံ ၆း၁၀)၊ ပေတရု (Peter) (တ၁၀း၉-၁၀) တို့ပင်လျင် ဘုရားသခင်ကို ဆက်ကပ်၍ နေ့စဉ်လျှောက်လှမ်း အသက်ရှင်သည်။ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် မကောင်းမှု မှန်သမျှကို တားဆီးနိုင်သော အစွမ်းသတ္တိတခုဖြစ်သည်။

၅၅း၂၂ ဘုရားသခင်သည် ကျွန်ုပ်တို့ထမ်းရွက်ရသော တာဝန်တို့ကို သူ့၌ ချထားရန် အလိုတော်ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အားကိုးသည်ဟု ပြောစေကာမူ မိမိဝန်သာမိမိ ထမ်းချင်ကြသည်။ ဘုရားသခင်ထံ လုံးဝအားကိုးအပ်နှံပါ။

Continue… » »


« Prev . . . ၅၃ ၅၄ ဆာလံ ၅၅ ၅၆ ၅၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.