« Prev . . . ၆၄ ၆၅ ဆာလံ ၆၆ ၆၇ ၆၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၆၆
၆၆း၅-၇ ပင်လယ်နီကို နှစ်ခြမ်းခွဲ၍ ဣသရေလတို့ကို ကယ်တင်ခဲ့ပုံကို ဆာလံဆရာက သတိရ ချီးမွမ်းသည်။ ဘုရားသခင်သည် ဣသရေလတို့သာမက ကျွန်ုပ်တို့ကိုပါ ဆက်လက် ကယ်တင်လျက် ရှိသည်ကိုချီးမွမ်းပါ။
၆၆း၁၀-၁၂ မီးသည်ငွေကို သန့်စင်သကဲ့သို့ ကျွန်ုပ်တို့၏ အခက်အခဲများက စာရိတ္တကို သန့်စင်ပါသည်။ ကျွန်ုပ်တို့ကို နက်နဲသော ဉာဏ်ပညာကို သိစေသည်။ အမှန်တရားကို ပိုင်းခြားစေနိုင်သည်။ အမှန်တရားကို လိုက်နာစေသည်။ ဖြေရှင်းရမည့် အခွင့်ကို ဘုရားပေးထားသည်။
၆၆း၁၃ ကျွန်ုပ်တို့သည် အမြဲလိုပင် ဘုရားသခင်နှင့် အပေးအယူ လုပ်တတ်ကြသည်။ သို့သော် အခက်အခဲကို ကျော်လွန်လျှင် ဘုရားသခင်ကို မေ့တတ်ကြသည်။ ကတိတော်များကို မအောက်မေ့ တတ်ကြပါ။
ဘုရားသခင် ကတိတည် သကဲ့သို့ သင်လည်းကတိတည်ပါ။
၆၆း၁၈ စစ်မှန်သော နောင်တသည် အမှားကို ထပ်မံ၍ မပြုခြင်းဖြစ်သည်။ ကျွန်ုပ်တို့နှင့် ဘုရားသခင်ကြား နာခံခြင်းမရှိသော အပြစ်များ၊ ဝန်ချခြင်းမရှိသော အပြစ်များနှင့် စွန့်ပစ်ခြင်း မရှိသော အပြစ်များက ကာရံထားသညါ။ အပြစ်ကို ဝန်ချလိုစိတ်ကို ဘုရားသခင် အလိုတော် ရှိတော်မူသည်။
« Prev . . . ၆၄ ၆၅ ဆာလံ ၆၆ ၆၇ ၆၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »